ကိုဗာဆစ်

December 7, 2018

ကွင်းလယ်လူ ကိုဗာဆစ်ကို အပြီးသတ်ခေါ်ယူရန် ချဲလ်ဆီး ဆွေးနွေးမည်

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ကိုဗာဆစ်ကို အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းတော့မယ်လို့ သိရပါတယ်။ ကိုဗာဆစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ တရာသီ အငှားစာချုပ်နဲ့ လာရောက် ကစားနေတာပါ။ လက်ရှိအချိန်မှာ ကိုဗာဆစ်ရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိတာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အပြီးသတ် စာချုပ်ခေါ်ယူဖို့အတွက် ရီးရဲလ်အသင်းနဲ့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ရီးရဲလ်အသင်းဟာ ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်ကို ၂၀၁၅ ခုနှစ်က အင်တာမီလန်အသင်းကနေ ပေါင် ၂၇ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းကိုလည်း အဲဒီပမာဏလောက်ရရင် အပြီးသတ်ရောင်းချဖို့ ရှိနေတယ်လို့ သိရပါတယ်။
2 years Ago

July 31, 2018

ရီးရဲလ်ကွင်းလယ်လူ ကိုဗာဆစ်ကို ချဲလ်ဆီး ခေါ်ယူရန် ကြိုးပမ်း

ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ကိုဗာဆစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အသင်းနည်းပြသစ် ဆာရီဟာ ကွင်းလယ်ပိုင်းမှာ ကစားသမားသစ် ဖြည့်တင်းလိုနေတာကြောင့် ကိုဗာဆစ်နဲ့ ပတ်သက်ပြီး ရီးရဲလ်အသင်းဆီ မေးမြန်းစုံစမ်းနေတယ်လို့ ဆိုပါတယ်။ ချဲလ်ဆီးအသင်းဟာ အစောပိုင်းက အာဆင်နယ် ကွင်းလယ်ကစားသမား ရမ်ဆေးကို ခေါ်ယူလိုပေမယ့် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တိုးတက်မှုမရှိတာကြောင့် ကိုဗာဆစ်ကို ပစ်မှတ်ထားလာတာလို့ ဆိုပါတယ်။ ခရိုအေးရှား ကွင်းလယ်လူ ကိုဗာဆစ်ဟာ ရီးရဲလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရတဲ့ ကစားသမားဖြစ်တာကြောင့် ပြောင်းရွှေ့ကြေး အဆင်ပြေမယ်ဆိုရင်တော့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ကာလရှည် စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂွါအင်နဲ့လည်း ချိတ်ဆက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
3 years Ago
Up