ကိုဗန်ထရီမြို့

A d v e r t i s e m e n t With Us

January 30, 2021

အင်္ဂလန်နိုင်ငံ ကိုဗန်ထရီမြို့တွင် မိုးပျံကားလေဆိပ် တည်ဆောက်မည်

အင်္ဂလန်အလယ်ပိုင်းက ကိုဗန်ထရီမြို့မှာ ဒီနှစ်နှောင်းပိုင်းဆိုရင် မိုးပျံကားလေဆိပ် ရှိလာတော့မှာပါ။

ကိုဗန်ထရီမြို့မှာ လုပ်မယ့် ပရောဂျက်တစ်ခုက လာမယ့်အနာဂတ် မြို့လယ်ကောင်မှာ မိုးပျံတက္ကစီတွေ ဘယ်လို ဆင်းတက်မလဲဆိုတာကို သရုပ်ပြ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် လုပ်ငန်းသစ်တစ်ခုဖြစ်တဲ့ Urban-Air Port ဟာ ဟွန်ဒိုင်းမော်တော်ကား ကုမ္ပဏီကြီးနဲ့ မိတ်ဖက်ပြုပြီး မိုးပျံကားလေဆိပ်တည်ဆောက်ရေးကို ဖန်တီးမှာပါ။

လာမယ့်နိုဝင်ဘာကစလို့ ကိုဗန်ထရီမြို့ကို လာရောက်လည်ပတ်သူတွေဟာ မိုးပျံကား လေဆိပ်က ဘယ်လိုပုံစံလဲဆိုတာကို မြင်တွေ့နိုင်တော့မှာ ဖြစ်ပါတယ်။

ခရီးသည်တင် ဒရုန်းနဲ့ ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်တဲ့ (eVTOL) ယာဉ်တွေ တက်ဆင်းတာကို မြင်ရတော့မှာပါ။

ကာဗွန်ထုတ်လွှတ်မှု သုညရှိတဲ့ယာဉ်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်တဲ့အစိုးရ အစီအစဉ်အရ Urban-Air Port ကုမ္ပဏီကို ရွေးချယ်ခဲ့တာပါ။

ကိုဗန်ထရီမြို့လယ်ကောင်မှာ ယာယီမိုးပျံကားလေဆိပ် တည်ဆောက်ရေးအတွက်  Urban-Air Port ဟာ ထောက်ပံ့ကြေး ပေါင်ငွေ ၁ ဒသမ ၂ သန်း ရရှိထားပါတယ်။

Urban-Air Port တည်ထောင်သူ ရစ်ကီဆန်ဂျူးက မိုးပျံကား တီထွင်ရေးပိုင်း တိုးတက်မှု အများအပြားရနေချိန် မိုးပျံကားလေဆိပ်ဟာ လိုအပ်တဲ့အရာတစ်ခု ဖြစ်တယ်လို့  ပြောဆိုခဲ့ပါတယ်။

1 month Ago
Up