.ကိုဗစ်-၁၉

A d v e r t i s e m e n t With Us

February 5, 2021

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၅ သန်းကျော်ရှိလာ

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၅ သန်းကျော်ရှိနေပြီး သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၀ ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂ ဒသမ ၂ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၇၆ ဒသမ ၈ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၇ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၆ သောင်းကျော်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲကျော်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၂ သောင်းကျော်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ စပိန်၊ အီတလီ၊ တူရကီ၊ ဂျာမနီ၊ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ တောင်အာဖရိက၊ အီရန်၊ ယူကရိန်း၊ ပီရူး၊ အင်ဒိုနီးရှားနိုင်ငံတွေနဲ့အတူ ချက်သမ္မတနိုင်ငံမှာလည်း ကိုဗစ်-၁၉ ရော ဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၀ ထိ ရှိလာခဲ့ ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၆၄၉ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်း သွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနဲ့ အီရတ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ  ၆ သိန်းကျော်စီနဲ့ အသီးသီး ရှိနေပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်းကျော်နဲ့ သေဆုံးသူ ၁၀,၉၉၇ ယောက်နဲ့ ဒုတိယနေ ရာမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၄ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၁၄၁,၁၀၄ ယောက်၊ သေဆုံး သူ ၃,၁၆၃ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၁၂၆,၈၆၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင် နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၃၁,၄၈၃ ယောက်နဲ့ သေဆုံးသူ ၈၂၆ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၆၂၄ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၂,၀၅၈ ယောက်နဲ့ သေဆုံးသူ ၇၉ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၉၅၇ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၀ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၄၆၇ ယောက်နဲ့  ၄၅ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မ ရှိသေးပါဘူး။

1 month Ago

January 29, 2021

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၂ သန်းကျော်၊ သေဆုံးသူ ၂ ဒသမ ၂ သန်းကျော်လာ

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၀၂ သန်းကျော် လာခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၆ သန်းကျော်ကတော့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေမှာ ကူး စက်ခံထားရပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်က တော့ ၂ ဒသမ ၂ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၇၃ ဒသမ ၉ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၆ ဒသမ ၃၃ သန်းကျော်၊ သေဆုံးသူ ၄၄၃,၇၆၉ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၇၂ သန်းကျော်၊ သေဆုံးသူ ၁၅၄,၀၄၇ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၉ သန်းကျော်၊ သေဆုံးသူ ၂၂၁,၆၇၆ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်၊ စပိန်၊ အီတလီ၊ တူရကီ၊ ဂျာမနီနဲ့ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

အဲဒီနောက်မှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ တောင်အာဖရိက၊ အီရန်၊ ယူကရိန်းနဲ့ ပီရူးနဲ့ အင်ဒိုနီးရှားနိုင်ငံတွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော် လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၃၇၈ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနဲ့ အီရတ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၆ သိန်း ကျော်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်နိုင်ငံ တွေက ကူးစက်ခံရသူဦးရေ  ၅ သိန်းကျော်စီနဲ့ အသီးသီးရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဇန်နဝါရီ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူ နာစုစုပေါင်း ၁၃၉,၁၅၂ ယောက်၊ သေဆုံးသူ ၃,၁၀၃ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၁၂၃,၅၅၆ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၀၃,၉၃၃ ယောက်နဲ့ သေဆုံးသူ ၇၃၃ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၄၄၉ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၇,၀၂၃ ယောက်နဲ့ သေဆုံးသူအရေအတွက် ၇၆ ယောက် ရှိနေ ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၆၅၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၀ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၄၆၃ ယောက်နဲ့  ၄၄ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

1 month Ago

မက္ကဆီကိုတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁ သိန်းခွဲကျော်ရှိလာ

ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အရေအတွက်မှာ မက္ကဆီကိုက အိန္ဒိယကို ကျော်တက်ပြီး ကမ္ဘာမှာ တတိယအများဆုံး သေဆုံးတဲ့ နိုင်ငံဖြစ်လာတယ်လို့ ရိုက်တာရဲ့ တရားဝင် ကိန်းဂဏန်း တွေက ဖော်ပြပါတယ်။ 

ဇန်နဝါရီ  ၂၈ ရက်က မက္ကဆီကိုရဲ့ ကိုဗစ်ကြောင့် စုစုပေါင်း သေဆုံးအရေအတွက်ဟာ   ၁၅၅,၁၄၅ ဦး ရှိလာပါတယ်။ 

မက္ကဆီကိုထက် လူဦးရေ ဆယ်ဆကျော် ပိုများတဲ့ အိန္ဒိယရဲ့ ကိုဗစ်ကြောင့်  စုစုပေါင်း သေဆုံးအရေအတွက်က ၁၅၃,၈၄၇ ဦး ရှိပါတယ်။ 

လူဦးရေ အချိုးကျ သေဆုံးနှုန်း တွက်ကြည့်တဲ့အခါမှာ မက္ကဆီကိုရဲ့ သေဆုံးနှုန်းက ဗြိတိန် ၊ ချက်သမ္မတနိုင်ငံ ၊ အီတလီ ၊ အမေရိကန် ၊ ပီရူး နဲ့ စပိန် အပါအဝင် နိုင်ငံ အတော်များများထက် လျော့နည်းတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။

မက္ကဆီကိုရဲ့ သေဆုံးသူအရေအတွက် တိုးလာမှုက ကပ်ရောဂါကို မနည်းထိန်းချုပ်နေ ရတယ်ဆိုတာကို ပြသနေပါတယ်။ 

မက္ကဆီကိုအစိုးရက အသွားအလာနဲ့ ရောင်းဝယ်မှုတွေအပေါ် ကန့်သတ်ချက်တွေ ထားရှိပေမယ့် ကပ်ရောဂါဟာ ပိုဆိုးလာနေပါတယ်။ 

မြို့တော် မက္ကဆီကိုစီးတီးက ဆေးရုံတွေဟာ လူနာခုတင်တွေ ပြည့်လုပြည့်ခင် ဖြစ်နေပြီး အောက်ဆီဂျင်တွေ  ပြတ်လပ်တာကလည်း လူနာကုသရေးမှာ အခက်အခဲဖြစ်နေပါတယ်။

 ဒါ့အပြင် ဇန်နဝါရီ ၂၄ ရက်ကပဲ သမ္မတ လိုပတ်ဇ်အော်ဘရေဒိုက  သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ကြေညာခဲ့ပါတယ်။ 

1 month Ago
Up