ကိုဗစ်-၁၉ အောင်မြင်မှု

November 1, 2020

ထိုင်ဝမ်တွင် ကျားမ တန်းတူညီမျှခွင့်နှင့် ကိုဗစ်-၁၉ အောင်မြင်မှုအတွက် လူ ၁ သိန်းကျော် ချီတက်

ထိုင်ဝမ်ကျွန်းရဲ့ မြို့တော် ထိုင်ပေတလွှားမှာ လူ ၁၃၀,၀၀၀ လောက် သက်တံ့ရောင် ပါးစပ်နှာခေါင်းစည်းတွေကို ဝတ်ဆင်ပြီး အောက်တိုဘာ ၃၁ ရက်က ချီတက်ခဲ့ကြပါတယ်။  ကျားမ ကွဲပြားမှု အပေါ် ခံယူချက် မတူသူတွေရဲ့ တန်းတူညီမျှခွင့်နဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရာမှာ အောင်မြင်မှုအတွက် ပွဲလမ်းသဘင် ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒီနှစ် တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးသင့်နေချိန် အကြီးဆုံး ချီတက်ပွဲတွေထဲက တရပ်လည်း ဖြစ်ခဲ့ပါတယ်။ လူတွေထဲက မတူခြားနားမှုတွေကို လူတိုင်းမြင်စေဖို့ နဲ့ ပိုကောင်းကောင်း နားလည်ဖို့ ဒီပွဲကို ကျင်းပတာပါ။ ဒါဟာ လက်မခံတဲ့လူတွေ၊ လက်ခံဖို့ နှေးနေတဲ့ ပိုများတဲ့ လူတွေကို ကျားမ ကွဲပြားမှုနဲ့ ပတ်သက်ပြီး ခံယူချက်မတူသူတွေအပေါ် နားလည်မှု ပိုရှိလာစေမယ်လို့ ပွဲဆင်နွှဲသူ လူငယ်တဦးက ပြောပါတယ်။ ထိုင်ဝမ်ဟာ မနှစ်က လိင်တူချင်း တရားဝင် လက်ထပ်ခွင့်ပြုတဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါတယ်။ ဒီသီတင်းပတ်ထဲမှာတော့ အမျိုးသမီး  ၂ ဦးဟာ လိင်တူချင်းလက်ထက်တဲ့ ပထမဆုံး ထိုင်ဝမ် စစ်အရာရှိတွေ ဖြစ်လာလို့ အာရှမှာ အထင်တရ ဖြစ်လာခဲ့ပါတယ်။ ထိုင်ဝမ်ဟာ စောစောစီးစီး ထိထိရောက်ရောက် တုံ့ပြန်မှုကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံ ၅၅၅ ယောက်သာ ရှိပြီး ကူးစက်ခံ သေဆုံးသူ ၇ ယောက် ရှိပါတယ်။ သူတို့ထဲက အများစုက နိုင်ငံခြားပြန်တွေဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ ကူးစက်မှု စစချင်းမှာ တရုတ်နိုင်ငံကနေ ပြန်ရောက်လာသူတွေကို ပထမဆုံး စမ်းသပ်စစ်ဆေးတဲ့ နိုင်ငံလည်းဖြစ်ပြီး နိုင်ငံခြားကလာသူအားလုံး ၁၄ ရက် ရောဂါ ခြေချုပ်နဲ့ နေရသလို သူတို့ ဘယ်ရောက်နေတယ်ဆိုတာ လက်ကိုင်ဖုန်းတွေကတဆင့် ခြေရာခံတဲ့ အီလက်ထရောနစ် စနစ်ကိုလည်း ကျင့်သုံးခဲ့ပါတယ်။
2 years Ago
Up