ကိုဗစ်-၁၉ အတည်ပြုလူနာသစ်

A d v e r t i s e m e n t With Us

December 17, 2020

ခန္တီးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦး ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က ကွာရန်တင်းဝင်သူ ၄ ယောက်ကို Test Kit နဲ့ စစ်ဆေးရာ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတယ်လို့ ခန္တီးဆေးရုံအုပ်ကြီးက ပြောပါတယ်။ “အခု ကိုဗစ်ပိုးတွေရှိခဲ့သူတွေက ခန္တီး နတလကျောင်းQစင်တာထားခဲ့တာပါ။ သူတို့တွေ Qဝင်နေတာ ၁၀ ရက်ရှိပါပြီ။ အခုတစ်ခါ RDTbTest kitပြန်စစ်ဆေးပြီး ကိုဗစ်ပိုးတွေ့ခဲ့တယ်”လို့ ဆေးရုံအုပ်ကြီးဒေါ်နန်းမြတ်မြတ်မွှေးက ပြောပါတယ်။ အဆိုပါ ပိုးတွေ့လူနာ ၂ ဦးဟာ ခန္တီးမြို့မှာ ပထမဦးဆုံးပိုးတွေ့လူနာနဲ့ ကားအတူစီးခဲ့သူတွေဖြစ်ပြီး  ခန္တီးမြို့နယ် နန်းစီပွန်ကို အလုပ်လုပ်ဖို့ လာသူတွေဖြစ်ပါတယ်။  “ပထမဆုံးပိုးတွေ့လူနာနဲ့အတူ  မန္တလေးကနေ ခန္တီးကို ကားနဲ့ ၅ ဦးလာခဲ့တာမှာ ဒီဇင်ဘာလ ၅ ရက်နေ့ညက ခန္တီးကိုရောက်ခဲ့တယ်။ ရောက်တာနဲ့ ကွာရန်တင်း စင်တာမှာ ထားခဲ့ပါတယ်။ မနက်မှ RDT Test Kit နဲ့ စစ်ဆေးပြီး ၅ ဦးထဲက Positive ၁ ဦးတွေ့ရှိခဲ့တယ်” လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ အခုကျန် ၄ ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ထပ်မံ ကျန်းမာရေးစစ်ဆေးတာမှာ ၂ ယောက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တာပါ။ ပထမဆုံး ပိုးတွေ့လူနာကတော့ ရောဂါသက်သာ ပိုးကင်းစင်လို့ ဆေးရုံကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဆင်းခွင့်ပြုခဲ့ပါတယ်။ သတင်း- အောင်ဆန်းမြင့်
2 months Ago

October 23, 2020

မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိ

မကွေးတိုင်းမှာ အောက်တိုဘာ ၂၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ ရန်ကုန် NHL နဲ့ Test Kits တွေနဲ့ စစ်ဆေးချက်အရ မင်းဘူးမြို့နယ်က ၃ ဦး၊ တောင်တွင်းကြီးမြို့နယ်က ၂ ဦး၊ အောင်လံမြို့နယ်က ၁ ဦးနဲ့ ချောက်မြို့နယ်က ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မကွေးတိုင်း ပြည်သူ့ကျန်မာရေးဦးစီးဌာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ လူနာတွေနဲ့ ထိစပ်ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးမှာဖြစ်ပြီး လူနာတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ကုသပေးနေတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ တနေ့တထက်တနေ့ ပိုမိုများပြာလာတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်မထွက်ဖို့၊ မကြာခဏလက်ဆေးဖို့၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အထူးဂရုပြု လိုက်နာဖို့တိုက်တွန်းလိုတယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ မကွေးတိုင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက် ၃၇၃ ဦးထိရှိလာပြီး ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံဆင်းခွင့်ရရှိသူ ၂၀၉ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
4 months Ago
More News
Up