ကိုဗစ်-၁၉ လူနာသစ်

October 16, 2021

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃၀၀ ကျော်၊ ၄၂ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၃၀၀ ကျော်နဲ့ ၄၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၅၅၈ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၃၂၉ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၇ ဒသမ ၆ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်က တော့ ၁,၂၁၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၈,၂၉၇ ယောက် နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၈၅,၆၄၆ ယောက် ရှိနေပါတယ်။

3 months Ago

June 22, 2021

ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၄ ထောင်ကျော်တွေ့ရှိ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ပိုးတွေ့လူနာသစ် ၄,၀၅၉ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၃၅ ယောက်ထိ ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပိုးတွေ့လူနာသစ် ၄ ထောင်ကျော်ထဲက ၇၅ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အ ကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၂,၀၄၇ ယောက် ရှိလာခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းကစလို့ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ စတင်ခဲ့တာဖြစ်ပြီး လတ်လောအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း၂၂၅,၃၆၅ ယောက်ရှိခဲ့ပြီး သေဆုံးသူပေါင်း ၁,၆၉၃ ယောက်ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က  ကိုဗစ်-၁၉ ရောဂါ သန်းချီကူးစက်ခံထားရကာ မလေးရှားက ရောဂါကူးစက်ခံရသူ ၇ သိန်းကျော်နဲ့ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံတွေအဖြစ် ရှိနေပြီး အဲဒီနိုင်ငံတွေနောက်မှာ ထိုင်းနိုင်ငံက ရှိနေတာ ဖြစ်ပါတယ်။

7 months Ago
More News
Up