ကိုဗစ်-၁၉ လူနာများ

A d v e r t i s e m e n t With Us

November 13, 2020

ရွာငံမြို့နယ်၊ မြို့ကြီးရွာ၌ ကိုဗစ်-၁၉ လူနာများလာသဖြင့် Stay at Home လုပ်ဆောင်နေ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ မြို့ကြီးရွာမှာရှိတဲ့ ကိုဗစ်-၁၉ လူနာတွေ့ရှိသူ များလာတဲ့အတွက်  အိမ်ခြေ ၆၀၀ လောက်ကို နိုဝင်ဘာ ၁၁ ရက်ကစပြီး ၁၄ ရက် Stay at Home အစီအစဉ် လုပ်ထားတယ်လို့ ဒေါက်တာခွန်ဝင်းလတ်က ပြောပါတယ်။ မြို့ကြီးရွာအုပ်ချုပ်ရေးမှူးထံမှာ  အောက်တိုဘာ ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်က ဝန်ထမ်း ၆  ယောက်နဲ့ သူတို့ မိသားစုဝင် ၅ ယောက် စုစုပေါင်း ၁၂ ယောက်  ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။  ဒီနောက် ဘယ်လူနာနဲ့မှ ထိတွေ့မှု မရှိသလို ခရီးသွားရာဇဝင်လည်း မရှိတဲ့ ရွာသား တစ်ယောက် အနံ့ ပျောက်ကာ ဆေးရုံရောက်လာရာက နိုဝင်ဘာ ၁၀ မှာ ပိုးတွေ့ခဲ့တာမို့ နိုဝင်ဘာ ၁၁ ရက်ကစပြီး  အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိတဲ့ မြို့ကြီးရွာကို Stay at Home  သတ်မှတ်ကာ စောင့်ကြည့်နေတယ် လို့ သိရပါတယ်။ ရွာငံဆေးရုံမှာ နေရာမလုံလောက်တာကြောင့် တောင်ကြီး စဝ်စံထွန်းဆေးရုံကို လူနာ နှစ်ယောက်  ပို့ဆောင်ထားရပြီး အောက်စီဂျင်ပိုက် တပ်ဖို့ လိုနေတယ် လို့  ဒေါက်တာ ခွန်ဝင်းလတ်က ပြောပါတယ်။ မြို့ကြီးရွာသားတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှု ပေးနိုင်ဖို့ အ‌ရေးပေါ်ရန်ပုံငွေ အကူအညီတွေ ရှာဖွေစုဆောင်းနေတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ကိုဗစ်ရောဂါကာကွယ်ရေး လူငယ်စေတနာ့ဝန်ထမ်းအဖွဲ့‌ ခေါင်းဆောင် ကိုဝင့်ထည်ကောင်းမြတ်က ပြောပါတယ်။ လက်ရှိ ရွာငံဆေးရုံမှာ ကိုဗစ်-၁၉  လူနာ ၁၃ ယောက် ရှိနေပြီး လူနာတွေရဲ့ အခြေအနေကောင်းမွန်နေကာ တခြားဘာလက္ခဏာမှ မပေါ်ဘဲ မကြာခင် ဆေးရုံကနေ ဆင်းခွင့်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- Dr. ခွန်းဝင်းလတ် ၊ အောင်လင်းပြည့်(မြို့ကြီး)
4 months Ago

October 14, 2020

ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်ပိုက်လိုင်းများ ထပ်မံတိုးချဲ့တပ်ဆင်ပေးနေ 

အောက်ဆီဂျင်လိုအပ်နေတဲ့ ကိုဗစ်-၁၉  လူနာတွေအတွက်  ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ကျန်ဆေးရုံကြီး ၃ ခုမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ တပ်ဆင်သွားဖို့ လုပ်ဆောင်နေတယ်လို့   ဗဟိုကူးစက်တိုက်ဖျက်ရေးဋ္ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။   ဆေးရုံတိုင်းမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်စောင့်ကြည့်လူနာတွေထဲ အသက်ရှုခက်ခဲပြီး ရုတ်တရက် ပြင်းထန်လူနာတွေ ရှိလာတဲ့အတွက်   ဆေးရုံကြီးတွေမှာ  လိုအပ်နေတဲ့  အောက်ဆီဂျင်ပိုက်လိုင်း တပ်ဆင်သွားဖို့ လုပ်ဆောင်နေပါတယ်။  အရင်က ကိုဗစ်ကုသရေးဆေးရုံတွေဖြစ်တဲ့ ဝေဘာဂီအထူးကုဆေးရုံ ၊ ဖောင်ကြီးကုသရေး စင်တာ၊ တောင်ဥက္ကလာပဆေးရုံတွေမှပဲ  အောက်ဆီဂျင်ပိုက်လိုင်းတွေ ပြင်ဆင်ထားတာပါ။   အခုတော့ ကိုဗစ်လူနာများပြားလာတဲ့အတွက်  ကိုဗစ်ကုသရေး ဆေးရုံကြီး ၄ ခုမှာ အောက်ဆီဂျင် လိုအပ်တဲ့ ပမာဏာအတိုင်း ရရှိစေဖို့  အောက်ဆီဂျင်ပိုက်လိုင်းတွေ ထပ်မံ တိုးချဲ့ပြင်ဆင်နေတာပါ။  လက်ရှိ  ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ တိုးချဲ့တပ်ဆင်အသုံးပြု နေသလို သင်္ယန်းကျွန်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနဲ့ အင်းစိန်ဆေးရုံတွေမှာ အောက်ဆီဂျင်ပိုက်လိုင်းတွေ ထပ်မံတပ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်သူ့ကျန်မားရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။  ဒါ့ပြင် အခုအသစ်ထပ်မံတည်ဆောက်နေတဲ့  ဧရာဝတီကိုဗစ်စင်တာ၊  Fortune Plaza ကိုဗစ်စင်တာတွေရဲ့  ICU၊  HCU တွေမှာလည်း အောက်ဆီဂျင်ပိုက်လိုင်းတွေနဲ့ အောက်ဆီဂျင် ဆလင်ဒါတွေ ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဆေးရုံတွေမှာ အောက်ဆီဂျင် လုံလောက်အောင် ရရှိရေးအတွက် ပြီးခဲ့တဲ့ ရက်အတွင်းက   ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူအပါအဝင် အောက်ဆီဂျင် ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့   စာချုပ်ချုပ်ဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို့  ဒေါက်တာခင်ခင်ကြီး က ဆိုပါတယ်။ လက်ရှိ ဆေးရုံတွေမှာ သေဆုံးလူနာနဲ့ ပြင်းထန်လက္ခဏာရှိတဲ့လူနာအများစုက ရောဂါအခံ ရှိသူ၊ အသက်အရွယ်ကြီးရင့်သူတွေ ပါဝင်နေပြီး  ကိုဗစ်လက္ခဏာပြသခြင်း မရှိတဲ့လူနာတွေမှတော့ အသက်အန္တရာယ်မရှိသလို ကုသမှုအပိုင်းမှာလည်း အရေးပေါ်အခြေအနေ မရှိတာတွေလည်း ရှိနေပါတယ်။  သတင်း - နန့်ခိုင်
5 months Ago
More News
Up