ကိုဗစ်-၁၉ ရောဂါအပူချိန်တိုင်းစစ်ဆေးဂိတ်

May 27, 2020

ခန္တီးမြို့အထွက် ကိုဗစ်-၁၉ ရောဂါအပူချိန်တိုင်းစစ်ဆေးဂိတ် မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊  ခန္တီးမြို့အထွက်မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉  ရောဂါ စစ်ဆေးရေးဂိတ်တခု မေလ ၂၅ ရက်နေ့က မီးရှို့ဖျက်ဆီးခံရတယ်လို့ စေတနာ့ဝန်ထမ်း ပါဝင်ဆောင်ရွက်နေတဦးက ပြောပါတယ်။ စေတနာ့ဝန်ထမ်း တိုင်းလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ကိုတေဇထွန်းက “အဲဒီဂိတ်က ခန္တီး-ဟုမ္မလင်းသွားလမ်းမှာ ကိုယ်အပူချိန်းတာတွေ စစ်ဆေးတာပါ။ အခုက ဒီဂိတ်ကို မီးရှို့လိုက်တာ၊ မီးရှို့တာ အကုန်လောင်သွားအောင် မီးရှို့တာတော့ မဟုတ်ပါဘူး။ ဘေးက အကာတွေမီးရှို့ခံရတာ ကျနော်တို့ အဖွဲ့ကို မလိုလားအပ်တဲ့လူတွေက မီးရှို့ဖျက်စီးတယ်”လို့ ပြောပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဒီလိုစစ်ဆေးတာကို မလိုလားလို့ လုပ်တာဖြစ်တယ်လို့ သဘောထားတဲ့အကြေင်းလည်း ကိုတေဇထွန်းက ဆက်လက်ပြောပါတယ်။ ဒီစစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ ကျန်းမာရေးနဲ့ စေတနာ့ဝန်ထမ်း အဖွဲ့တွေဟာ  ကိုဗစ်-၁၉ ရောဂါကာကွယ်ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သတင်း- အောင်ဆန်းမြင့်
1 year Ago
Up