ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ၁၇ မြို့နယ်မှပြန်လာသူများ

January 9, 2021

ရေးမြို့နယ်တွင် ၂၀၂၀ အတွင်း အဓမ္မပြုကျင့်ခံရမှု ၁၉ မှုဖြစ်ပွားခဲ့

မွန်ပြည်နယ် ရေးမြို့နယ်ထဲမှာ ၂၀၂၀ ခုနှစ်အတွင်း အလိုမတူဘဲ အဓမ္မပြုကျင့်ခံရမှု ၁၉ မှုရှိခဲ့တယ်လို့ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေက ၈ မှုဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  မှုခင်းဖြစ်ပွားရတဲ့ အများဆုံးအချက်တွေကတော့ ပတ်ဝန်းကျင်မှာ အနေနီးပြီး ယုံကြည်မှု အခွင့်ကောင်းယူကာ လိင်ပိုင်ဆိုင်ရာ ထိပါးစော်ကားခံရတာက အများဆုံးဖြစ်တယ်လို့လည်း အမှုစစ်ရဲအရာရှိ တစ်ဦးက ပြောပါတယ်။  အမျိုးသမီးတွေ လိင်ပိုင်း အကြမ်းဖက် စော်ကားခံရတာနဲ့ ပတ်သက်လို့ မိန်းကလေးငယ်အများစုက စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တဲ့အတွက်  ရှေ့ဆက်လူမှုပတ်ဝန်းကျင်မှာ ပိုမိုလုံခြုံဖို့ ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်းတခု ဖြစ်လာဖို့ ဖော်ဆောင်ဖို့ လိုအပ်တယ်နေတယ်လို့လည်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်။   မွန်ပြည်နယ်တစ်ခုလုံး အနေနဲ့ ၂၀၁၈ ခုနှစ်မှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှု ၅၈ မှုရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ ၄၈ မှုရှိခဲ့တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။   နေမျိုးထွဋ်
6 months Ago

June 2, 2020

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ၁၇ မြို့နယ်မှပြန်လာသူများ မကွေးတိုင်းတွင် Quarantine ဝင်ရမည်

မကွေးတိုင်းအတွင်း ခရီးသည်တင်မော်တော်ယာဉ်လိုင်းတွေကို တိုင်းကျော် သွားလာခွင့်ပြုထားပေမယ့်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ၁၇ မြို့နယ်က ပြန်လာသူတွေကိုတော့ Quarantine ထားရှိမှာဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က " ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ၁၇ မြို့နယ်က ပြန်လာသူတွေကို သက်ဆိုင်တဲ့ နေရာတွေမှာ Facility Quarantine ၂၁ ရက် ထားရှိမှာ ဖြစ်ပါတယ်။ တခြားမြို့နယ်တွေက ပြန်ဝင်လာသူတွေကိုတော့  Quarantine မထားရှိတော့ဘဲ လက်ရှိ Quarantine ဝင်နေတဲ့ သူတွေကိုလည်း ရောဂါဖြစ်ပွားတဲ့ ၁၇ မြို့နယ်က မဟုတ်ရင် နေအိမ်ပြန်ခွင့်ပြုမှာဖြစ်ပါတယ်။ ကန့်သတ်ထားတဲ့ ၁၇ မြို့နယ်ကတော့ အင်းစိန်၊ မရမ်းကုန်း၊ ဟားခါး၊ တီးတိန်၊ ထန်တလန်၊ သံတွဲ၊ တောင်ကုတ်၊ ကျိုက်မရော၊ ကျောက်မဲ၊ မူဆယ်၊ တောင်ကြီး၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုးညှင်း၊ ကော့ကရိတ်၊ တနင်္သာရီ၊ ပန်းတနော်မြို့နယ်တွေ ဖြစ်တယ်” လို့ ပြောပါတယ်။ မကွေးတိုင်းမှာ ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို မေလ ၂၈ ရက်က တိုင်းကျော်ပြေးဆွဲခွင့်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးကိုတော့  ဇွန်လ ၁ ရက်နေ့က စတင်ပြေးဆွဲခွင့်ပြုထားပါတယ်။  မကွေးတိုင်းဒေသကြီးအတွင်းမှာ တိုင်းကျော်နဲ့ပြည်ပကနေ ပြန်ဝင်လာသူ ၁၀၀၀၀ ကျော်လောက်ကို Facility Quarantine ပြုလုပ်ပေးထားတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
1 year Ago
Up