ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ

September 29, 2020

မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၈ ဦး ပထမဆုံးတွေ့ရှိ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ရွှေစုခင်ရွာမှာ စက်တင်ဘာ ၂၈ ရက်ညက ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှာ အလုပ်လုပ် ပြန်လာသူ ၅၄ ဦးကို   ဓာတ်ခွဲနမူနာယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၈ ဦး ပထမဦးဆုံးအကြိမ် တွေ့ရှိတယ်လို့ မလှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။     မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနေမင်းမျိုးထွန်းက “ရန်ကုန်က ပြန်လာကြပြီး ရွာက မူလတန်းကျောင်းမှာ Quarantine ဝင်နေသူတွေပါ။ အမျိုသား ၃ဦးနဲ့ အမျိုးသမီး ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့တာပါ။ တိုင်းရုံးက အကြောင်းကြားတာပါ။ မလှိုင်ဆေးရုံ သီးသန့်ဆောင်မှာထားပြီး ဆေးကုသပေးမှာပါ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ညက ဆေးရုံအုပ်ဆရာဝန်ကြီးကိုယ်တိုင် ပိုးတွေ့လူနာတွေကို ရွှေစုခင်ရွာက ခေါ်လာပြီး  အေးမေတ္တာကုသဆောင်မှာ သီးသန့်ထား   ဆေးကုပေးနေတယ်လို့  စေတနာ့ဝန်ထမ်းကိုဘိုဘိုက ပြောပါတယ်။ ပိုးတွေ့လူနာတွေဟာ စက်တင်ဘာ ၂၅ ရက်က ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ကနေ ကား ၃ စီးငှားပြီး ပြန်လာကြတာပါ။ စာလေးခွေ လုပ်ငန်းမှာ အလုပ်လုပ်ပြီး ပြန်လာသူ ၅၄ ဦးဟာ ရွှေစုခင်ရွာကို ရောက်ရောက်ချင်း ရွာက မူလတန်ကျောင်းမှာ Facility Quarantine ဝင်နေခဲ့ပါတယ်။ အဆိုပါ ကွာရန်တင်းဝင်နေသူတွေရဲ့ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တွေကို မန္တလေး ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးရာ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ ဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း
8 months Ago
Up