ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

January 26, 2022

ပေါင်မြို့တွင် မူကြိုကျောင်းသူ အပါအဝင် ၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့၊ လူမှုဝန်ထမ်းကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းက အသက် ၅ နှစ်အရွယ် မူကြိုကျောင်းသူတယောက် အပါအဝင် ၄ ယောက်မှာ  ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မူကြိုကျောင်းသူရဲ့ အသက် ၇၀ နှစ်အရွယ် အဘိုးဖြစ်သူ အသက်ရှုကျပ်ပြီး ပေါင်မြို့နယ် Isolation Ward  သီးသန့်ဆောင်မှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးကြည့်ရာမှ ရောဂါပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မိသားစုဝင်တွေကို ရောဂါပိုး ရှိ မရှိ ထပ်မံ စစ်ဆေးရာမှာတော့ မူကြိုကျောင်းသူ အပါအဝင် ပေါင်မြို့နယ် ကဒါကမ်းနားရှိ မူလတန်းကျောင်းက အသက် ၉ နှစ်အရွယ် ကျောင်းသား တယောက်နဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသား တယောက် ၊ စုစုပေါင်း မိသားစုဝင် ၄ ယောက်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာပါ။

ရောဂါပိုးကူးစက်ခံရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မူကြိုကျောင်းနဲ့ မူလတန်းကျောင်းက ဆရာ၊ဆရာမ အပါအဝင် ကျောင်းသူကျောင်သားတွေကို ၁၁၇ ယောက်ကို RTD နဲ့ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာတော့ အားလုံးမှာ ရောဂါပိုး မတွေ့ဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမဲ့ အဲဒီကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေကို လာမယ့် ဇန်နဝါရီ ၃၀ ရက်မှာ ရောဂါပိုး ရှိ မရှိ PCR စက် နဲ့ ထပ်မံစစ်ဆေးသွားဖို့ စီစဉ်ထားပါတယ်။

ပေါင်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က ကျားဘိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြ ဆရာမ အပါအဝင် ကျောင်းသူ၊ကျောင်းသား ၁၀ ယောက်မှာ  ကိုဗစ်ရောဂါပိုး တွေ့ရှိထားပါတယ်။

1 year Ago

September 17, 2021

ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင် ၃၄ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းက ပြိန်းခါးစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ ပြည်သူ ၈၂ ဦးကို ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခံရတာ ရှိ ၊ မရှိ စက်တင်ဘာလ ၁၇ ရက်က စစ်ဆေးခဲ့ရာမှာ  ၃၄ ဦး  ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဒါ့အပြင် ခရိုင်ပြည်သူ့ဆေးရုံ၊ မိုင်းလုံနဲ့ နောင်ပိန်ကျေးရွာတွေမှာ စစ်ဆေးရာမှာ စက်တင်ဘာလ ၁၇ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း  ၆၄  ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန်ကျောင်းကျေးရွာ ယာယီစစ်ဘေးရှောင်စခန်းမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ  ၁၂၀ ကျော်တွေ့ရှိခဲ့ပါတယ်။

ကျောက်မဲမြို့က ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ခံရသူတွေဟာ အသက်အရွယ်အစုံဖြစ်ပြီး သီးသန့်‌ထားရှိ စောင့်ကြည့်ကာ ရောဂါပြင်းထန်တဲ့လူနာတွေကို ကျောက်မဲပြည်သူ့ဆေးရုံမှာထားရှိ ကုသပေးနေပါတယ်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းစတင်ခဲ့တဲ့ ဇွန်လ  ၂၀  ရက်နေ့မှ စက်တင်ဘာ  ၁၂  ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း  ၁၃ဝ၀ ကျော်ပြီဖြစ်ပါတယ်။

ဒီစာရင်းဟာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက စာရင်းဖြစ်ပြီး ဆေးရုံ၊ ဆေးပေးခန်း မသွားဘဲ ကိုယ်တိုင်ဆေးဝါးဝယ်ယူပြီး မိမိအိမ်မှာ ကုသတဲ့လူဦး ရေစာရင်း မပါသေးဘူးဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်အတွင်းက တောင်ပေါ်ကျေးရွာ‌တွေအနီးမှာ  SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်တို့ကြားဖြစ်ပွား‌နေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂၀၀၀  ကျော် စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးတွေ များနေပါတယ်။ ဒါ့အပြင် အပြစ်မဲ့ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာရတာတွေရှိနေပြီးနေအိမ်ပျက်စီးတာ လည်းရှိနေပါတယ်။

တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူတွေကို ရပ်ဝေးရပ်နီးလူမှုရေးအသင်းအဖွဲ့တွေနဲ့ စေတနာရှင်ပြည်သူတွေက ဝိုင်းဝန်းကူညီထောက်ပံ့နေကြပါတယ်။

1 year Ago
More News
Up