ကိုဗစ်-၁၉ ရောဂါ

July 29, 2021

ခန္တီးမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်စစ်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဘကြိုင် ဇူလိုင် ၂၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဆွေမျိုးတော်စပ်သူတစ်ဦးက “အခုနေ့လယ် ၁နာရီ ရုတ်တရက်ကြီး ဖြစ်သွားတယ်၊ ဆေးရုံသွားတယ်၊ ဆေးရုံတောင်မရောက်ဘူး လမ်းမှာသေဆုံးသွားတယ်။ အဲဒါနဲ့ ကိုဗစ် ပိုးရှိမရှိ စစ်ဆေးတယ်၊ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်” လို့ ပြောပါတယ်။

ခန္တီးမြိုနယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဟာ  အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သလို လက်ရှိ အာဏာသိမ်းစစ်ကာင်စီလက်အောက်မှာ လုပ်ဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။

2 months Ago

မြန်မာအိုင်ဒေါစတားအဆိုတော် ဇော်မင်းဦး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

မြန်မာအိုင်ဒေါစတားအဆိုတော် တယောက်ဖြစ်တဲ့ ဇော်မင်းဦးဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော် စောလားထော်ဝါးက ခုလိုရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့ပါတယ်။

“ကိုဇော်မင်းဦး ငါတို့ကိုထားခဲ့ပြီ… ဟျောင့်....နောက်ပြန်တွေ့မှပဲ သီချင်းတွေ ထပ် ပြိုင်ကြတာပေါ့ကွား… R.I.P”

သီချင်းတွေကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုလေ့ရှိတဲ့ ဇော်မင်းဦးဟာ မြန် မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 1 မှာ မန္တလေးမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး Top 6 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

တေးသံရှင် မေကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလို ရေးသားထားခဲ့တာကို တွေ့ရပါတယ်။

“အေးချမ်းစွာ အနားယူပါတော့😭😭။ ညီမတို့ ရင်ထဲမှာ အမြဲအမှတ်ရနေမှာပါ။ ပွဲ ရှိတိုင်း ကိုယ့်ညီမကို အမြဲ သတိရတတ်တဲ့အစ်ကိုကြီး။ #RIP Ko ZMO”

လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် အနုပညာအသိုင်းအဝိုင်းက ရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။

2 months Ago

June 15, 2021

မော်လမြိုင်က အထက်တန်းကျောင်းသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိ

မွန်ပြည်နယ်၊ မော်လမြိုင် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းက ၁၀ တန်းကျောင်းသူ တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ကိုဗစ် အရေးကူညီနေသူတွေက ပြောပါတယ်။

အဲဒီကျောင်းသူမှာ ကိုဗစ်ရောဂါ လက္ခဏာတွေ့ရှိခဲ့လို့ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှ ဇွန်လ ၁၅ ရက်နေ့ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက်ကြောင့် မိသားစုဝင်တွေကို ကို‌ဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ အဘိုးဖြစ်သူမှာလည်း ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့တာပါ။

အဆိုပါ ၁၀ တန်းကျောင်းသူမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့လို့ သူရဲ့ ထိစပ်ခဲ့တဲ့ ဆရာမတွေနဲ့ အတန်းဖော် ကျောင်းသား ကျောင်းသူ  ၃၅ ဦးကိုလည်း ရောဂါပိုး စစ်ဆေးသွားဖို့ ရှိနေပါတယ်။

မွန်ပြည်နယ်မှာတော့ ဇွန်လ ၁၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၃ ဦး ထိ ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ၃ ဦး သေဆုံးထားပါတယ်။

3 months Ago
More News
Up