ကိုဗစ်-၁၉ ရလဒ်အတု

July 18, 2020

ကိုဗစ်-၁၉ ရလဒ်အတုလုပ်သူ ဘင်္ဂလားဒေ့ရှ်ဆရာဝန်ကို ဒါကာတွင် ရုံးထုတ်

ကိုဗစ်-၁၉ စစ်ဆေးရလဒ် ထောင်ချီပြီး အတုလုပ်တဲ့အကြံအစည်မှာ ပတ်သက်မှုနဲ့   ဘင်္ဂလားဒေ့ရှ်ဆရာဝန်တစ်ယောက်ကို ဇူလိုင် ၁၇  ရက်က ဒါကာတရားရုံးမှာ  ရုံးထုတ်ခဲ့ပါတယ်။    တရားရုံးဝန်ထမ်းတွေ ပြောဆိုချက်အရ JKG ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဥက္ကဋ္ဌ ဆက်ဘရီနာ အရစ်ဇ်ချောင်ဒရီကို ရုံးမထုတ်မီ   နှစ်ရက်   အချုပ်ချခဲ့တယ်လို့ သိရပါတယ်။  ကိုဗစ်-၁၉ စစ်ဆေးရလဒ်တွေကို အတုပြုလုပ်တာနဲ့ပတ်သက်လို့ ချောင်ဒရီနဲ့ တခြား သံသယရှိသူ အများအပြားကို ထိန်းသိမ်းထားပါတယ်။  စစ်ဆေးရလဒ်အတုတွေကို ထုတ်ပေးတဲ့ ဆေးရုံနှစ်ရုံရဲ့ပိုင်ရှင်ဖြစ်သူ   မိုဟာမက်ဆာဟတ်ကိုတော့ ဇူလိုင် ၁၅ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။   အိန္ဒိယဘက် ထွက်ပြေးဖို့ ကြိုးစားတဲ့သူ့ကို ၉ ရက်ကြာ လိုက်လံရှာဖွေပြီးနောက်  နယ်စပ်မြစ်မှာ ဖမ်းဆီးရမိတယ်လို့ ဒေသမီဒီယာက ရေးပါတယ်။    ကျန်းမာရေးဝန်ထမ်းတွေ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ  ၁ သိန်း ၉ သောင်း ၉ ထောင် ကျော်ရှိပြီး သေဆုံးသူ ၂၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 
10 months Ago
Up