ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသတ်ဆေး

October 13, 2021

Merck & Co ကုမ္ပဏီ၏ ကိုဗစ်ဗိုင်းရပ်စ်ပိုးသတ်ဆေး စမ်းသပ်ချက်ကို WHO စောင့်ဆိုင်း

ကိုဗစ်-၁၉ ကပ်ရောဂါ အနုစားနဲ့ အလတ်စား ကူးစက်ခံလူနာတွေကို ကုသဖို့  Merck & Co  နိုင်ငံတကာကော်ပိုရေးရှင်းက ထုတ်လုပ်တဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးနဲ့ ပတ်သက်တဲ့ လက်တွေ့ စမ်းသပ်ချက် အချက်အလက် အပြည့်အစုံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က စောင့်နေတယ်လို့ WHO ရဲ့ ပြောခွင့်ရက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။

ကုမ္ပဏီကသူ့ဆေးကို အရေးပေါ်သုံးစွဲခွင့်အတွက် အမေရိကန် အာဏာပိုင်တွေကို လျှောက်ထားအပြီးမှာ ခုလို ပြောလိုက်တာပါ။

WHO ပြောခွင့်ရ ခရစ်ယာန်လင်းမိုင်ယာက“ဒါဟာ စိတ်ဝင်စားစရာ တိုးတက်မှုပဲ။ ကျနော်တို့ အချက်အလက် အပြည့်အစုံကို ကြည့်ရမယ်။ တကယ်လို့ စစ်မှန်ခဲ့ရင် ကိုဗစ်-၁၉ ကပ်ဘေးကို တိုက်ဖို့ ဒါဟာ လက်နက် နောက်တခု ဖြစ်လာလိမ့်မယ်” လို့ ပြောပါတယ်။

မော်နူပရာဗာ ဆေးဟာ ရောဂါအတွက် အန္တရာယ်တခုထက်မနည်း ရှိတဲ့ အနုစားနဲ့ အလတ်စား လူမမာတွေကို စမ်းသပ်ရာမှာ ဆေးရုံတင်ရနှုန်းနဲ့ သေဆုံးနှုန်းကို ထက်ဝက် လျှော့ချပေးတယ်လို့ ဒီလထဲမှာ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက ဆိုထားပါတယ်။

1 week Ago
Up