ကိုဗစ်-၁၉ ပြန့်ပွားမှု

July 18, 2020

ကိုဗစ်-၁၉ ပြန့်ပွားမှု ထပ်ဖြစ်၍ ဩစတြေးလျလွှတ်တော်အစည်းအဝေး ရွှေ့ဆိုင်း

နိုင်ငံရဲ့ လူဦးရေအများဆုံး ပြည်နယ်နှစ်ခုမှာ ကိုဗစ်-၁၉ ပြန့်ပွားမှုတွေ ထပ်ဖြစ်လာတဲ့အတွက် ကျင်းပဖို့ရှိတဲ့ လွှတ်တော်ကို ဩစတြေးလျဝန်ကြီးချုပ်က ရက်သတ္တပတ်ပေါင်းများစွာ နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ပါတယ်။  ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ဩဂုတ် ၄ ရက်မှာစတင်မယ့် လွှတ်တော်အစည်း အဝေးတွေကို ဖျက်သိမ်းဖို့ လွှတ်တော်ဥက္ကဋ္ဌက တောင်းဆိုခဲ့ပါတယ်။  လုပ်ထုံးလုပ်နည်းအတိုင်း ဒီတောင်းဆိုမှုကို မော်ရစ်ဆန်ရဲ့လစ်ဘရယ်ပါတီဝင် လွှတ်တော် ဥက္ကဋ္ဌက လက်ခံခဲ့သလို အတိုက်အခံ လေဘာပါတီကလည်း လက်ခံခဲ့ပါတယ်။  လွှတ်တော်အမတ်တွေဟာ လာမယ့်အစည်းအဝေးကို ဩဂုတ် ၂၄ ရက်မှ ပြန်စမှာပါ။ ဗစ်တိုးရီးယားပြည်နယ်မှာ  ဇူလိုင်လ ၁၇ ရက်က အသစ်တွေ့အတည်ပြုလူနာ ၄၂၈ ဦး တွေ့ခဲ့သလို နိုင်ငံရဲ့လူဦးရေအများဆုံး နယူးဆောက်ဝေးလ်စ်ပြည်နယ်မှာလည်း ကူးစက်မှုလှိုင်း သစ်ကို ထိန်းချုပ်နေရပါတယ်။  လူဦးရေ ၆ သန်းရှိတဲ့ ဗစ်တိုရီးယားပြည်နယ်မှာ ရက်သတ္တပတ်ခြောက်ပတ်တာ တစိတ်တပိုင်း လော့ဒေါင်းချထားမှုကို ဇူလိုင်လ ၉ ရက်ကပဲ သတ်မှတ်ထားတယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။
10 months Ago
Up