ကိုဗစ်-၁၉ ပိုး​တွေ့ လူနာ ၃ ​ဦး

August 30, 2020

အင်းစိန် ကိုဗစ်-၁၉ ပိုး​တွေ့ လူနာ ၃ ​ဦးတွင် အိမ်​ခြေမဲ့ ၁ ဦး ပါဝင်

ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီ​နေ့မနက် ထုတ်ပြန်တဲ့ ပိုး​တွေ့လူနာ ၁၆​ ယောက်ထဲမှာ ရန်ကုန်က ၁၁ ​ယောက် ပါဝင်ပြီး အဲဒီထဲမှာ ​မြောက်ဥက္ကလာပက ၁​ ယောက်နဲ့ အင်းစိန်က ၃ ​ယောက်တို့ဟာ စစ်​တွေကို ခရီးသွားတာမရှိဘဲ ဘယ်ကနေ ကူးမှန်းမသိတဲ့သူ​တွေ ဖြစ်ကြပါတယ်။ ကိုဗစ်-၁၉ ပိုး​တွေ့လူနာ​တွေ တ​ကျော့ပြန် ပြန်​တွေ့လာတဲ့ အင်းစိန်မြို့နယ်က ပိုး​တွေ့လူနာ ၃​ ယောက်ထဲမှာ အိမ်​ခြေမဲ့သူတစ်ယောက်‌ ပါဝင်ကြောင်း အင်းစိန်မြို့နယ်၊​ အောင်ဆန်းရပ်ကွက် အုပ်ချုပ်​ရေးမှူး ဦးတင်​မောင်နိုင်က DVB ကို​ ပြောပါတယ်။ “ကိုဗစ်-၁၉ ပိုး​တွေ့ အိမ်​ခြေမဲ့သူဟာ ရပ်ကွက်နဲ့ သိပ်အဆက်အစပ်မရှိဘဲ သူ့ဘာသာနေသူ ဖြစ်တယ်။ သူ​ နေတတ်တဲ့​နေရာ​တွေ​ကို ဆေးဖျန်းတာ​တွေ လုပ်တယ်။ အင်းစိန်မြို့နယ်က Positive တွေ့ရှိတဲ့လူနာ ၃ ဦး၊ အောင်ဆန်းရပ်ကွက် သစ္စာဝါဒီလမ်းသွယ်ရှိ အဆောင်တစ်ခုမှာ ပိုး​တွေ့လူနာနဲ့ ထိ​တွေ့သူ အမျိုးသမီးနဲ့ က​လေးကို ကွာရန်တင်းဝင်ဖို့​ ခေါ်​ဆောင်သွားတယ်။ အ​ဆောင်က လူ ၅၃ ​ယောက်ကို လတ်တ​လော အသွားအလာကန့်သတ်ထား​ပါတယ်။”  ရွာမအနောက်ရပ်ကွက်က အသက် ၂၄ နှစ်အရွယ် လူနာအမှတ် ၇၄၀ အမျိုးသမီးနဲ့ ထိ​တွေ့သူ​ မိသားစု ၄​ ယောက်ရှိ​တယ်လို့ Super Sunday ပရဟိတအဖွဲ့က ကိုသူရိန်ထွန်းက​ ပြောပါတယ်။ အခု​​တွေ့တဲ့ အင်းစိန်က ကိုဗစ်-၁၉ ပိုး​တွေ့လူနာ ၃​ ယောက်ကို​တော့ ​ဝေဘာဂီ​ဆေးရုံကိုပို့ပြီး ​ဆေးကုသမှုခံယူ​စေမှာ ဖြစ်ပါတယ်။
1 year Ago
Up