ကိုဗစ်-၁၉ ပိုးတွေ့ လူနာ

June 24, 2021

ရေးမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၁ ဦး ထပ်မံတွေ့ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ  ဇွန် ၂၄ ရက်က ကိုဗစ်- ၁၉  လူနာသစ် ၁ ဦး ထပ်မံတွေ့ ရှိရ တယ်လို့ မြို့နယ် ကိုဗစ်ကော်မတီက ထုတ်ပြန်ပါတယ်။

အခုလူနာဟာ ရဲတပ်ကြပ် တစ်ဦးရဲ့ သမီးဖြစ်ပြီး   မီးရထားရဲဝန်ထမ်း ၇ ဦးနဲ့ ထိတွေ့ထားတဲ့ မိသားစုဝင်တွေထဲက contact ၁၇ ဦးကို RTD Kit နဲ့ ပထမ အကြိမ်စစ်ဆေးရာမှာ တွေ့ရှိရတာပါ။ 

အဆိုပါ စစ်ဆေးတဲ့အထဲကမှ ရေးမြို့ အ.ထ.က (၂)က  ၈ တန်းကျောင်းသား တစ်ဦးကို ပထမအကြိမ်ဆေး စစ်ချက်အဖြေမှာ  Negativeဖြစ်ပါတယ်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာအားလုံးကို မော်လမြိုင်ဆေးရုံသို့ ပို့‌ဆောင်ပေး ကုသပေးမှာဖြစ်ပြီး သူတို့နဲ့ ထိတွေ့ထားသူအားလုံးကိုလည်း နေအိမ်မှာ ၁၄ ရက်အသွား အလာကန့်သတ်ထားပါတယ်။

ရေးမြို့မှာ အခုလို ကိုဗစ်- ၁၉ ပိုးတွေ ပြန်လည်တွေ့ရှိလာတဲ့အပေါ်  ဒေသခံပြည်သူတွေက စိုးရိမ်စိတ်တွေ ရှိလာနေပေမဲ့ အသွားအလာတွေကတော့  ပုံမှန်အခြေနေမှာပဲ ရှိနေပါတယ်။

Photo- ကိုဗစ်ကော်မတီ

4 months Ago

January 22, 2021

ဝိုင်းမော်မြို့၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၉ ဦး စံချိန်တင်တွေ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ‌ဇန်နဝါရီ ၂၁ ရက်က တစ်ရက်ထဲ ပိုးတွေ့လူနာ ၉ ယောက် အထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနက သိရပါတယ်။ ဇန်နဝါရီ ၁၉ ရက် မှာတွေ့ရှိခဲ့တဲ့ မြစ်ကြီးနားပိုးတွေ့လူနာတွေနဲ့ ဆက်စပ်သူတွေကို စုံစမ်းစစ်ဆေးရာမှ မိုင်းနားကျေးရွာအုပ်စု မခေါယန်မှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၈ ယောက်နဲ့  ဝိုင်းမော်အားကစားရုံမှာ တွဲကားသမားတွေကို စစ်ဆေး‌ပေးရာမှာ ယာဉ်မောင်း ၁ ယောက် တို့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပိုး‌တွေ့လူနာတွေကို ဝိုင်းမော်မြို့နယ်ဆေးရုံမှာ ကုသပေးနေကာ လူနာတွေနဲ့ ဆက်စပ်တဲ့ မိသားစု၀င်‌တွေကို ၂၁ ရက် အသွားအလာကန့်သတ်ထားပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သိန်းမြို့က ပြောပါတယ်။  ဝိုင်းမော်မြို့မှာ အရင်က ရန်ကုန်ပြန်၊ မန္တလေးကပြန်လာသူတွေမှာသာ ရောဂါပိုးတွေ့ရှိခဲ့ရာမှ အခုတစ်ခေါက်မှာ တစ်ရက်ထဲစံချိန်တင် ၉ ယောက်အထိတွေ့ရှိကာ မြစ်ကြီးနား၊ ဝိုင်းမော် ဒေသတွင်းကူးစက်မှုစတင်‌နေပြီဖြစ်လို့ လူစုလူဝေးမပြုလုပ်ဖို့နဲ့ ကိုဗစ်စည်းကမ်းလိုက်နာဖို့ မြို့နယ်ဆရာ၀န်ကြီးက သတိပေးတိုက်တွန်းထားပါတယ်။ ကချင်ပြည်နယ်မှာ စုစုပေါင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈၁၀ ယောက်အထိရှိကာ  လက်ရှိကုသဆဲလူနာ စုစုပေါင်း ၁၁၇ ယောက်အထိရှိပါတယ်။ သတင်း - ဇုန်းကျန်း CJ
9 months Ago
Up