ကိုဗစ်-၁၉ ပိုးတွေ့လူနာ

June 23, 2021

ကိုဗစ်-၁၉ ပိုးတွေ့လူနာများတွေ့ရှိသဖြင့် လားရှိုးမြို့မဈေးကို ယာယီပိတ်

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ  မြို့မဈေးမှာ  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၅ ဦးထိ ရှိလာတာ‌ကြောင့် ကုန်စိမ်းဈေး (မိုးမလင်းဈေး) အပါအဝင် မြို့မဈေးတို့ကို  ဇွန်လ ၂၃ ရက်နေ့ကစ ဇူလိုင် ၆ ရက်နေ့ထိ၂ ပတ်တိတိ ယာယီပိတ်သွားမယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ  ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်း စံချိန်တင်ထပ်တိုးပိုးတွေ့သူ ၅၇ ယောက် အပါအဝင် ဇွန် ၈ ရက်ကနေ ဇွန် ၂၂ ရက်အထိ ပိုးတွေ့လူနာ ၂၀၉ ယောက်ရှိပြီဖြစ်ပြီး ၂၄ ဦး သက်သာပျောက်ကင်း ဆေးရုံဆင်းပြီဖြစ်ကာ မန္တလေးမှာ ကုသနေသူ ၁ ဦး ဇွန် ၂၂ ရက်‌နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်နေ့ တစ်ရက်တည်း Swab ယူထားသူ ၈၆ ဦးထဲက ပိုးတွေ့လူနာ ၃၃ ဦးရှိလာပြီး မနက်ပိုင်း အနံ့ပျောက်သူတွေကို RDT နဲ့ စစ်လိုက်တော့ ပိုးတွေ့လူနာသစ် ၂၄ ဦး ရှိခဲ့တာဖြစ်ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၅၇ ဦးထိ စံချိန်တင် ‌ကူးစက်ပျံ့နှံ့ ဖြစ်ပွားလာပါတယ်။

ရောဂါကူးစက်နှုန်း မြင့်မားလာတဲ့အတွက် လူတိုင်းမလိုအပ်ဘဲ အပြင်မထွက်ဖို့၊ အပြင်ထွက်ရင် Marsk တပ်ဖို့နဲ့ ကိုဗစ်စည်းကမ်းနဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးလာပြီး တစ်မြို့လုံး Stay at home နဲ့ မြို့ကို Lockdown လုပ်ဖို့ လိုအပ်တဲ့အခြေအနေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့မစျေးကြီးထဲက ကုန်စိမ်းတန်း၊ အလှကုန်တန်း၊ စားသောက်တန်းအပြင် ဘူတာစျေး၊ ညနေဘူတာပျံကျစျေးနဲ့ ရပ်ကွက် ၄ ထဲက အိမ်၊ လမ်း၊ အဆောက်အဦအချို့ကို Lock down လုပ်ထားလိုက်ပြီးဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းအနေနဲ့ ဇွန်လ ၂၂ ရက်နေ့ထိ သီပေါမြို့နယ် နမ့်လန်မှာ ပိုးတွေ့လူနာ ၂၁ ဦး၊ ၁ ဦး သေ၊ သီပေါမြို့တွင်း ၅ ဦး၊ ဇွန်လ ၂၁ ရက်နေ့ထိ လောက်ကိုင်မြို့နယ်မှာ  ပိုးတွေ့လူနာ ၃၁ ဦး၊ နောင်ချိုမြို့နယ် ၂၉ ဦး၊ ကွတ်ခိုင်မြို့နယ် ၂ ဦး၊ နမ္မတူမြို့နယ် ၃ ဦး၊ ကျောက်မဲမြို့နယ် ၂ ဦး၊ မိုင်းရယ်မြို့နယ် ၂ ဦး၊ တန့်ယန်းမြို့နယ် ၁ ဦး (သေဆုံး)၊ သိန္နီမြို့နယ် ၂ ဦး၊ မူဆယ်မြို့နယ် ၅ ဦး၊ နမ့်ခမ်းမြို့နယ် ၂ ဦး နဲ့ ၁၅ ရက်အတွင်း လားရဇိုးအပါအဝင် စုစုပေါင်း ၂၈၀ ကျော်ထိ ရှိလာပါတယ်။

Pra Jaw

Photo Crd# Covid - 19 Operation Team (lso)

5 months Ago

November 25, 2020

ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံး ၄၀၀၀ ကျော်သည့် မြို့နယ် ၂ ခု၊ ထောင်ချီကူးစက်ခံမြို့နယ် ၂၅ ခု ထိရှိလာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံး လူနာအများဆုံး ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၂ ခုနဲ့ ထောင်နဲ့ချီကူးစက်ခံရတဲ့ မြို့နယ် ၂၅ ခုထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပိုးတွေ့လူနာအများဆုံးမြို့နယ် ၂ ခုကတော့ ရန်ကုန်တိုင်း၊ ‌မြောက်ဥက္ကလာပ မြို့နယ်နဲ့ မင်္ဂလာဒုံမြို့ နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာ ၄,၂၆၂ ယောက်နဲ့ ၄,၀၄၈ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၈၂,၀၀၀ ကျော်ရှိပြီး လူနာထောင်ချီကူးစက်ခံရတဲ့ မြို့ နယ်ပေါင်း ၂၅ ခုထိ ရှိလာပါတယ်။ အဲဒီမြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၃ မြို့နယ် ပါဝင်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်က တမြို့နယ်နဲ့ ပဲခူးတိုင်းက တမြို့နယ်ပါဝင် နေတာပါ။ ဒီမြို့နယ် ၂၅ ခုထဲမှာတော့ ပိုးတွေ့လူနာ ၄,၀၀၀ ကျော်ရှိတဲ့ ‌မြောက်ဥက္ကလာပမြို့ နယ်နဲ့ မင်္ဂလာဒုံမြို့နယ် အပါအဝင် ပိုးတွေ့လူနာ ၃,၀၀၀ ကျော်လာတဲ့ မြို့နယ် ၃ မြို့နယ်၊ ၂,၀၀၀ ကျော်လာတဲ့ မြို့နယ် ၆ မြို့နယ်ထိ ပါဝင်နေတာကို တွေ့ရပါတယ်။ ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ် တဲ့  လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၃,၆၉၃ ယောက်၊ ၃,၂၉၇ ယောက်၊ ၃,၂၀၉ ယောက်စီနဲ့ ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် တွေဖြစ် ကြတဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှိုင်၊ သန်လျင်၊ တာမွေ၊ ‌တောင်ဥက္ကလာပမြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၅၈၇ ယောက်၊ ၂,၄၁၃ ယောက်၊ ၂,၂၄၉ ယောက်၊ ၂,၁၄၇ ယောက်၊ ၂,၁၃၄ ယောက်၊ ၂,၁၂၃ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။ အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ်တွေအနေနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ သာကေတ၊ မင်္ဂလာ တောင်ညွန့်၊ စမ်းချောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ဒလ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဗဟန်း၊ မှော်ဘီ၊ လမ်းမတော်၊ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့တွေက အစဉ်လိုက် ၁၄ မြို့နယ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လတာ ရှိလာ ခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၈၀,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၈၂,၂၃၆ ယောက်၊ သေဆုံးသူ ၁,၇၈၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၆၀,၉၆၅ ယောက် ရှိနေပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၆၀,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေက ပိုးတွေ့လူနာ ၄,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၉ ဒသမ ၉ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေ ဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၄၁ ဒသမ ၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago
More News
Up