ကိုဗစ်-၁၉ ပိုးတွေ့

August 4, 2021

ထိုင်းနိုင်ငံ၌ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀,၀၀၀ ကျော်ရှိ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀,၀၀၀ ကျော်နဲ့ ထပ်မံစံချိန်တင်ခဲ့ပြီး သေဆုံးသူ ၁၈၈ ယောက်ထိ ရှိခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်တုန်းကတော့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၁၈,၀၀၀ ကျော်နဲ့ စံချိန်တင်ထားခဲ့တာမို့ အဆိုပါစံချိန်ထက် ပိုမိုကျော် လွန်လာခဲ့တာပါ။

လတ်တလော ကူးစက်ခံရသူအသစ် ၂၀,၀၁၃ ယောက်ထဲမှာတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၁၈၇ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလို့ ဆေးရုံက ဆင်း ခွင့်ရတဲ့အရေအတွက်ကတော့ ၁၇,၉၇၅ ယောက် ရှိနေတာပါ။

ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဧပြီလဆန်းက စတင်ကာ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုအတွင်း ရောဂါကူးစက်မှုအသစ် ၆၄၀,၀၀၀ သိန်းကျော်ရှိပြီး ၄၂၀၀၀၀ ကျော်ကတော့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာခဲ့တယ်လို့ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၆၇၂,၃၈၅ ယောက်ရှိနေပြီး သေဆုံးသူပေါင်း ၅,၅၀၃ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း သန်း ၂၀၀ ကျော်လွန်လာပြီး  သေဆုံးသူပေါင်း ၄ ဒသမ ၂၅ သန်းကျော်ရှိလာပြီ  ဖြစ်ပါတယ်။

1 year Ago

July 12, 2021

ဖူးကက်တွင် လေကြောင်းဖြင့်ဝင်လာသည့် မြန်မာသားအမိ ၃ ဦး ကိုဗစ်-၁၉ ပိုးတွေ့

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်မှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို လည်ပတ်ခွင့်ပြုတဲ့ Phuket Sandbox အစီအစဉ်စတင်လိုက်တဲ့နောက် ဝင်ရောက်လာသူတွေဆီကနေ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ တွေ့ရှိခဲ့ပါတယ်။ 

အဆိုပါ ပိုးတွေ့သူတွေထဲမှာ မြန်မာမိသားစုဝင် ၃ ဦးလည်းပါတယ်လို့ ဖူးကက်ခရိုင် ပြည်သူ့ကျန်းမာရေးဌာနထုတ်ပြန်ချက်ကိုကိုးကားပြီး ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါ တယ်။

မြန်မာမိသားစုဝင် ၃ ဦးဟာ ဖူးကက်နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာပြီး  swab test  စမ်းသပ်စစ်ဆေးရာမှာ ဇူလိုင် ၁၀ ရက်နေ့မှာ အသက် ၈ နှစ် နဲ့ ၉ နှစ်ရွယ် မြန်မာကလေး ၂ ဦးထံမှာ ကိုဗစ် ၁၉ ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ 

ဇူလိုင်လ ၁၁ ရက်နေ့က ဖူးကက်ခရိုင် ကိုဗစ်-၁၉ အခြေအနေ ထုတ်ပြန်ချက်မှာတော့ နောက်ထပ်နိုင်ငံခြားသား ၃ ဦးမှာ ကိုဗစ်-၁၉ တွေ့ရှိကြောင်း၊  မြန်မာအမျိုးသမီး ၁ ဦး ၊ တောင်အာဖရိကတိုက်သား ၁ ဦးနဲ့ ဆွီဒင်နိုင်ငံသား ၁ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာအမျိုးသမီးမှာ ဒုတိယအကြိမ် swab test လုပ်မှ ပိုးတွေ့တာဖြစ်ပြီး သူမဟာ ဇူလိုင် ၁၀ ရက်နေ့က ပိုးတွေ့ခဲ့တဲ့ ကလေး ၂ ယောက်ရဲ့ မိခင်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကိုဗစ်ပိုးတွေ့မြန်မာ ၃ ဦးရဲ့ နောက်ထပ်အသေးစိပ်အချက်အလက်တွေတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဖူးကက်ခရိုင်ရဲ့ ဇူလိုင် ၁၁ ရက် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ လူနာသစ် ၅ ဦး ( ပြည်တွင်းမှကူးစက်သူ ၂ ဦးနဲ့ အထက်ဖော်ပြပါ နိုင်ငံခြားသား ၃ ဦး ) ဖြစ်ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။

ဖူးကကက်ခရိုင်မှာ ဇူလိုင် ၁၁ ရက်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၇၈၇ ဦးရှိပြီး ၇၂၀ မှာ သက်သာလို့ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း၊ ၇၃ ဦးကုသမှုခံယူနေကာ ၁၄ ဦးသေဆုံးခဲ့ပါတယ်။

ဖူးကက်ခရိုင်ထဲမှာ လှပတဲ့ကျွန်းစုတွေအများအပြားရှိတာကြောင့် ယခင်က နိုင်ငံခြား ခရီးသွားဧည့်သည်တွေနဲ့ စီးပွားရေးကောင်းတဲ့ခရိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ် ကပ်ဘေးဆိုက်ရောက်လာတဲ့ခါမှာတော့ စီးပွားရေးကျဆင်းလာတာမို့ ဒေသတွင်းစီးပွားရေးပြန်လည်ထူထောင်ဖို့  Phuket Sandbox  ဆိုတဲ့ ဖူးကက်အ လည်အပတ်ခရီးစဉ်ကို စတင်ခဲ့တာပါ။

အဆိုပါအစီအစဉ်ကို ဒီလ ၁ ရက်နေ့က စတင်ခဲ့ပြီး မနေ့ကအထိ နိုင်ငံခြားခရီးသွားဧည့်သည် ၄၀၀၀ ကျော် ဝင်ရောက်လာကြောင်း။ အဲဒီထဲက ကိုဗစ် ၁၉ ကူးစက်ခံထားရသူ စုစုပေါင်း ၆ ဦး တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ဖူးကက်မှာ ကိုဗစ်-၁၉  ကူးစက်ခံရသူ ပိုများလာလို့ စာသင်ကျောင်းအားလုံးကို ဒီကနေ့ ဇူလိုင် ၁၂ ရက်ကစ ဇူလိုင် ၂၃ ရက်နေ့ထိ ပိတ်ဖို့ညွှန်ကြားထားပါတယ်။           

1 year Ago
More News
Up