ကိုဗစ်-၁၉ ထက်ပိုမိုဆိုးဝါး

December 11, 2020

ငတ်မွတ်ခေါင်းပါးဘေးက ကိုဗစ်-၁၉ ထက်ပိုမိုဆိုးဝါးနိုင်ကြောင်း WFP အကြီးအကဲပြော

ငတ်မွတ်ခေါင်းပါးဘေးက လတ်တလော ကိုဗစ်-၁၉ ရောဂါထက် ပိုပြီးတော့ ဆိုး ဝါးလာနိုင်တယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဒီဇင်ဘာ ၁၀ ရက် နေ့က သတိပေးပြောဆိုပါတယ်။ ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းကတဆင့် ကျင်းပရတဲ့ နိုဘယ်လ်ဆု လက်ခံတဲ့အခမ်း အနားမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် WFP ရဲ့ အကြီးအကဲ ဒေးဗစ်ဘစ်စလီက ခုလို ပြောဆိုလိုက်တာပါ။ “ဘာလို့လဲဆိုတော့ စစ်ပွဲတွေ၊ ရာသီဉတုဖောက်ပြန်ပြောင်းလဲမှုတွေ၊ အငတ်ဘေး ကို နိုင်ငံရေးနဲ့ စစ်ရေးလက်နက်တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးချတာမျိုးတွေ ကြောင့် ကပ်ရောဂါတခုလို အဆက်မပြတ် ပိုပြီးဆိုးဝါးလာနေပြီး လူဦးရေသန်း ၂၇၀ လောက်ဟာ အငတ်ဘေးဆီဦးတည်လာနေပါပြီ” ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပျက်ကွက်တာက ငတ်မွတ်‌ခေါင်းပါး ကပ်ဘေးဖြစ်လာစေပြီး ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုကို အရောင်မှိန်သွားစေ လိမ့်မယ်လို့ သူက ပြောပါတယ်။ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးနဲ့ စားနပ်ရိက္ခာထောက်ပံ့ကူညီရေးအတွက် အ ကြီးမားဆုံးသော လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းအနေနဲ့ ၁၉၆၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ WFP ဟာ နှစ်စဉ်လူသန်းပေါင်းများစွာကို စားနပ်ရိက္ခာ ထောက် ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေပြီး ၂၀၁၉ ခုနှစ်မှာတော့ ကမ္ဘာ့ လူဦးရေ ၉၇ သန်းကို ထောက်ပံ့ပေးခဲ့တာပါ။ နိုဘယ်လ်ဆုချီးမြှင့်ပေးအပ်မှုနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP အနေနဲ့ “ပဋိပက္ခနဲ့ စစ်ပွဲအတွင်း ဆာလောင်မွတ်သိပ်မှုကို လက်နက် သဖွယ် အသုံးပြုလာတာကို ကာကွယ်တားဆီးဖို့အတွက် စွမ်းစွမ်းတမံ အားထုတ်ကြိုး ပမ်းခဲ့တယ်”လို့ နော်ဝေးအခြေစိုက် ဆုရွေးချယ်ရေးကော်မတီက ပြောပါတယ်။ မကြာသေးခင်ကလည်း WFP ရဲ့ အကြီးအကဲ ဒေးဗစ်ဘစ်စလီက ရန်ပုံငွေပြတ် လပ်မှုနဲ့အတူ လာမယ့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံပေါင်း ၂၀ မှာ စားနပ်ရိက္ခာ မလုံလောက်မှု ကြုံရမှာဖြစ်လို့ အရေးပေါ် ဆောင်ရွက်ဖို့ လိုနေပြီး ကမ္ဘာ့အငတ်ဘေး ဆိုက်နိုင်တယ်လို့ ကမ္ဘာ့ခေါင်း ဆောင်တွေကို သတိပေးနှိုးဆော်ထားခဲ့ပါတယ်။ အခုနှစ်ရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် WFP အနေနဲ့ ဆုကြေးငွေအဖြစ် ဆွီ ဒင်ခရိုနာ ၁၀ သန်း(အမေရိကန်ဒေါ်လာ ၁.၁၈ သန်း) ရရှိမှာ ဖြစ်ပါတယ်။
4 months Ago
Up