ကိုဗစ်-၁၉ ဇာစ်မြစ်

A d v e r t i s e m e n t With Us

January 12, 2021

ကိုဗစ်-၁၉ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမည့် WHO အဖွဲ့ တရုတ်နိုင်ငံသို့ ယခုသီတင်းပတ် ရောက်မည်

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်တဲ့ မူရင်းအစကို စုံစမ်းစစ်ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က နိုင်ငံတကာပညာရှင်အဖွဲ့တဖွဲ့ဟာ တရုတ်နိုင်ငံကို ဇန်နဝါရီ ၁၄ ရက်မှာ ရောက်လာမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက “တရုတ်အစိုးရဆီက ခွင့်ပြုချက် မရှိတဲ့အတွက် နှောင့်နှေးနေလို့ ဒီအဖွဲ့က ကနဦး ကူးစက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အကြာကြီး စောင့်ခဲ့ရတယ်။ ဒါဟာ နားလည်မှုလွဲတာပါ”လို့  ပြောပါတယ်။ WHO ပညာရှင်အဖွဲ့ ရောက်မယ့်ရက်ကို အမျိုးသားကျန်းမာရေးကော်မရှင်က ကြေညာခဲ့ပြီး နဂို စီစဉ်ထားတဲ့ ဇန်နဝါရီ အချိန်ဇယားထက် နောက်ကျခဲ့တယ်လို့ ကြေညာပါတယ်။ ဒါပေမဲ့ WHO ပညာရှင်အဖွဲ့ရဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ မကြေညာခဲ့ပါဘူး။  ဇန်နဝါရီ ၁၀ ရက် တရက်တည်းအတွင်း တရုတ်ပြည်မကြီးမှာ ကိုဗစ်-၁၉ ကူးစက်ခံ အသစ် ၁၀၃ ယောက် တွေ့ခဲ့လို့ အချိန် ၅ လအတွင်း တရက်တည်း အမြင့်ဆုံး ကူးစက်မှု ဖြစ်ခဲ့ပါတယ်။ ကူးစက်ခံ အများစုက ဟော်ဘေးပြည်နယ်ကဖြစ်ပြီး ပြည်နယ်ရဲ့ မြို့တော် ရှိကျားကျွမ်းကို အသွားအလာ ပိတ်ဆို့ကန့်သတ်ထားပါပြီ။ ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးအတွက် ပြည်နယ်အတွင်း အဝေးပြေးလမ်းပိုင်းတချို့ကိုလည်း ပိတ်ထားပါတယ်။
2 months Ago
Up