ကိုဗစ်-၁၉ ဆိုင်ရာ အထူးအကြံပေး

December 2, 2020

သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုဗစ်-၁၉ ဆိုင်ရာ အထူးအကြံပေး ရာထူးမှနုတ်ထွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အထူးအကြံပေး ဒေါက်တာစကော့အတ္တလတ်စ်ဟာ ရာထူးက နုတ်ထွက်သွားပါတယ်။ အမေရိကန် ပြည်သူတွေရဲ့အကျိုးကို ထမ်းဆောင်ခွင့်ရတဲ့ ဂုဏ်ပြုမှုအတွက် ထရမ့်ကို ကျေးဇူးတင်တယ်လို့ ဒေါက်တာအတ္တလတ်စ်က ပြောပါတယ်။ သူဟာ ဘယ်လို နိုင်ငံရေး ထည့်တွက်စဉ်းစားချက်၊ သြဇာလွှမ်းမိုးမှုမှ မပါဘဲ နောက်ဆုံးပေါ် သိပ္ပံနဲ့သက်သေတွေကို အမြဲအားကိုးခဲ့တယ်လို့လည်း သူက ပြောပါတယ်။ တာဝန်ထမ်းဆောင်ခဲ့တဲ့ လေးလတာ အချိန်အတွင်း ဒေါက်တာအတ္တလတ်စ်ဟာ ပါးစပ် နှာခေါင်းစည်းတွေနဲ့ ကမ္ဘာ့ကပ်ဘေးကို ထိန်းချုပ်ရေး တခြားလုပ်ဆောင်ချက်တွေရဲ့ လိုအပ်ချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ သူဟာ ကိုရိုနာဗိုင်းရပ်ဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ဝင်တွေနဲ့လည်း ထပ်ခါတလဲလဲ ဆန့်ကျင်ရင်း ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။ စတန်းဖို့ဒ်တက္ကသိုလ်က ရေဒီယိုရောင်ခြည်အမျိုးမျိုးနဲ့ ရောဂါကုသမှု နည်းပညာရှင်နဲ့ အကြီးတန်း သုတေသီဖြစ်တဲ့ ဒေါက်တာအတ္တလတ်စ်ဟာ သြဂုတ်လမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းခဲ့ပါတယ်။ သူဟာ ပါးစပ် နှာခေါင်းစည်း ဝတ်တာရဲ့ အသုံးဝင်မှုကိုသာမက အသွားအလာ ပိတ်ဆို့ ကန့်သတ်တာကိုလည်း ဆန့်ကျင် မေးခွန်းထုတ်ခဲ့သူပါ။ ကူးစက်မှုကို ဖြေရှင်းတဲ့ ဗျူဟာအနေနဲ့ လူအုပ်ရဲ့ ကိုယ်ခံစွမ်းအားကို သူက ထောက်ခံခဲ့ပါတယ်။
5 months Ago
Up