အမေရိကန်နိုင်ငံမှာ အောက်တိုဘာလ ၃၀ ရက်၊ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁ သိန်းကျော်နဲ့ စံချိန်သစ်တင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
အမေရိကန်မှာ အောက်တိုဘာ ၃၀ ရက်က ကူးစက်ခံရသူ ၁ သိန်းကျော်နဲ့ သေဆုံးသူ ၉၈၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ရိုက်တာစာရင်းအရ ပထမတစ်ရက် စုစုပေါင်း ကူးစက်သူ ၉၁,၀၀၀ ကို ကျော်ဖြတ်သွားခဲ့တာပါ။
အမေရိကန်ရဲ့ တစ်ရက်တာအတွင်း ကူးစက်သူ ၁၀၀,၂၃၃ ယောက်ဟာ တစ်ကမ္ဘာလုံးမှာလည်း စံချိန်သစ် ဖြစ်ပါတယ်။
စက်တင်ဘာတုန်းက အိန္ဒိမှာ တစ်ရက်တာအတွင်း ကူးစက်သူ ၉၇,၈၉၄ ယောက် ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်တာ နေ့စဉ်ကူးစက်သူ အရေအတွက်ကို ကြည့်ရင် တစ်စက္ကန့်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် တစ်ယောက်ကျော် ရှိတာကို သွားတွေ့ရပါတယ်။
နောက်ပြီး ဒါဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ မတိုင်မီ ၄ ရက်အလိုမှာ ကူးစက်သူတွေ ထိုးတက်လာတာလည်း ဖြစ်ပါတယ်။
အမေရိကန်မှာ လူ နှစ်သိန်း သုံးသောင်းနီးပါး သေဆုံးစေခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါက ရွေးကောက်ပွဲ မဲဆွယ်ပွဲရဲ့နောက်ဆုံး အကျော့ကို လွှမ်းမိုးထားတယ်လို့ ရိုက်တာသတင်းမှာ သုံးသပ်ထားပါတယ်။
2 years Ago