ကိုဗစ်-၁၉ စမ်းသပ်ပစ္စည်း

June 3, 2020

မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ စမ်းသပ် ပစ္စည်းပေါင်း ၃၀၀၀၀ လှူဒါန်း 

မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ စမ်းသပ်နိုင်မယ့် ပစ္စည်းပေါင်း ၃၀၀၀၀ နဲ့ ဓာတ်ခွဲနမူနာယူနိုင်မယ့် ပစ္စည်းတွေကို ဗြိတိန်၊ အမေရိကန်၊ ဆွစ်ဇာလန်နဲ့ ဆွီဒင်နိုင်ငံတို့ ပူးပေါင်းပြီး ထပ်လှူဒါန်းလိုက်ပါတယ်။ ဒီနိုင်ငံတွေက ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရေးရန်ပုံငွေ ခေါင်းစဉ်အောက်ကနေ လှူဒါန်းတာဖြစ်ပြီး ကိုဗစ်-၁၉ စမ်းသပ်ပစ္စည်း (real time PCR Test) ၃၀၀၀၀၊ ဓာတ်ခွဲနမူနာထည့်ယူတဲ့ VTM ဖန်ချောင်း ၄၈၀၀ နဲ့ နမူနာရယူရာမှာသုံးတဲ့ ပစ္စည်း Flocked Swabs အခု ၅၀၀၀ ပါဝင်ပါတယ်။ မြန်မာနိုင်ငံက တခြားဒေသတွေမှာလည်း  ကိုဗစ်-၁၉ ရောဂါကို တိုးချဲ့စမ်းသပ်စစ်ဆေးနိုင်ဖို့ ဒီရန်ပုံငွေကနေ ပံ့ပိုးပေးနေပြီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း  ကိုဗစ်-၁၉ စမ်းသပ်ပစ္စည်း (real time PCR Test) ၂၅၀၀၀ ကျော်၊ ဓာတ်ခွဲနမူနာထည့်ယူတဲ့ VTM ဖန်ချောင်း ၁၀၀၀၀ ကို ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် မေလကုန်ပိုင်းက  ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာတွေကို အလိုအလျောက်ယူနိုင်မယ့် စက် ၂ လုံးကို ထောက်ပံ့ထားခဲ့သလို လူအများအပြားရဲ့ ကိုယ်အပူချိန်ကို တပြိုင်တည်း သိရှိနိုင်မယ့် အနီအောက်ရောင်ခြည်သုံးကိရိယာကိုလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ပေးပို့ထောက်ပံ့ ထားပါတယ်။ ဒီရန်ပုံငွေအစီအစဉ်ကပဲ တကိုယ်ရည်သုံးအကာအကွယ်ဝတ်စုံ (PPE) အစုံရေ ၅၀၀၀၀ ကို လည်း ထောက်ပံ့ပေးနေပြီး ဒီထဲကနေ တိုင်းရင်းသား ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေ အတွက် အစုံရေ ၂၅၀၀၀ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။  ဓာတ်ပုံ- Access to Health Fund
1 year Ago
Up