ကိုဗစ်-၁၉ စစ်ဆေးစက်

July 7, 2020

၁၅ မိနစ်အတွင်း အဖြေထွက်နိုင်သည့် ကိုဗစ်-၁၉ စစ်ဆေးစက် အမေရိကန် FDA ခွင့်ပြု

၁၅ မိနစ်အတွင်း အဖြေထွက်နိုင်တဲ့ ဘက်တန်ဒစ်ကင်ဆန် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးတဲ့စက်ကို အရေးပေါ် အခြေအနေမှာ အသုံးပြုဖို့ အမေရိကန် အစားအစာနဲ့ ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ (FDA) က ခွင့်ပြုလိုက်ပါတယ်။ ပဋိလှုံ့ဆော်ပစ္စည်း စစ်ဆေးနည်းတွေဟာ ဗိုင်းရပ်စ်အပေါ် ဒါမှမဟုတ် အတွင်းမှာရှိတဲ့ ပရိုတိန်းတွေကို ရှာဖွေနည်းနဲ့ ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးတဲ့ နည်းလမ်းသစ် ဖြစ်ပါတယ်။  ဒီစစ်ဆေးနည်းတွေဟာ စရိတ်စက သက်သက်သာသာနဲ့ လူနာတွေကို ပုံစံအမျိုးမျိုး စစ်ဆေးပြီး အဖြေကို အမြန်ထုတ်နိုင်တာမို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ အရေးပါတဲ့ နည်းလမ်းဖြစ်တယ်လို့ FDA က  ချီးကျူးပြောဆိုပါတယ်။  ဘက်တန်ဒစ်ကင်ဆန် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ စစ်ဆေးစက်ကို သူရဲ့ လက်ရှိ  BD Veritor System စစ်ဆေးရေး ပလက်ဖောင်းမှာ အသုံးပြုနိုင်ပါတယ်။   အဲဒီစနစ်က အမေရိကန်နိုင်ငံတဝန်း ကျန်းမာရေးစောင့်ရှောက်မှုဌာန နှစ်သောင်းခွဲလောက် ဖွင့်လှစ်ထားပါတယ်။ ဒါ့အပြင် စက်တင်ဘာလကုန်မှာ သီတင်းတစ်ပတ်ကို စစ်ဆေးမှု နှစ်သန်း ထုတ်ပေးနိုင်မယ်လို့လည်း ဘက်တန်-ဒစ်ကင်ဆန်က ပြောဆိုတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။
1 year Ago
Up