ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်

June 30, 2020

အရီဇိုးနားပြည်နယ်၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသဖြင့် နိုက်ကလပ်များပိတ်ရန် ညွှန်ကြား 

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ မြင့်တက်လာတာကို ထိန်းချုပ်ဖို့ ဘားတွေ၊ နိုက်ကလပ်တွေ၊ အားကစားခန်းမတွေ၊ ရုပ်ရှင်ရုံတွေနဲ့  ရေပန်းဥယာဉ်တွေကို ပိတ်ပစ်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဇွန် ၂၉ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။ ဒါ့အပြင့် ဇူလိုင် ဒါမှမဟုတ် သြဂုတ်လဆန်းမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ထားတာကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဒေါက်ဂျူစီက  သြဂုတ်လ ၁၇  မှ ဖွင့်ဖို့ အချိန်ရွှေ့ဆိုင်းလိုက်ပါတယ်။  ဇွန် ၂၈ ရက်က အရီဇိုးနားပြည်နယ်မှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရသူ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဇွန်လ ၂၉ ရက် ည ၈ နာရီက စလို့ ညွှန်ကြားချက်အသစ်တွေ စတင်အသက်ဝင်ခဲ့ပါတယ်။  နောက်ပြီး  တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရေးလို ဘေးကင်းလုံခြုံရေးအစီအမံတွေကို    မလိုက်နာရင်  အယောက် ၅၀ ထက်ပိုပြီး  လူစုဝေးတာမျိုးကို  ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျူစီက တားမြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
12 months Ago
Up