မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ကိုဗစ်-၁၉ ကုသရေး
Home
ကိုဗစ်-၁၉ ကုသရေး
A
d
v
e
r
t
i
s
e
m
e
n
t
With Us
December 22, 2020
313
ကိုဗစ်ကုသရေး ကျန်းမာရေးဝန်ထမ်းများ အခမဲ့အနားယူနိုင်သည့်ဟိုတယ် အပ်နှံ
ကိုဗစ် ကာကွယ်ကုသထိန်းချုပ်ရေးလုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အခမဲ့ အနားယူ နေထိုင်စားသောက်နိုင်မယ့် Jasmine Palace Hotel ကို မနေ့က ရန်ကုန်တိုင်းအစိုးရဆီ ကမ္ဘောဇဘဏ်က တရားဝင်အပ်နှံလိုက်ပါတယ်။
အခန်းပေါင်း ၂၀၀ ကျော်ပါတဲ့ ကြယ်လေးပွင့်အဆင့် အဲဒီဟိုတယ်ကို ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီ အပ်နှံလိုက်တာပါ။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်တိုးက
"ကျနော်တို့လို ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဒီမှာတည်းခိုပြီး တာဝန်ထမ်းဆောင်နေတဲ့ ဆေးရုံတွေကိုသွားရတာ အဆင်ပြေသလို လုပ်ငန်းခွင်အတွက်ရော၊ မိသားစုဝင်တွေအတွက်ရော စိတ်ချရပါတယ်။ အိမ်ကနေပြီး ဆေးရုံသွားဖို့ စိတ်ပူနေရတဲ့သူတွေအတွက် အခုလို သီးခြားနေထိုင်ခွင့်ရတဲ့အတွက် အရမ်း အဆင်ပြေပါတယ်" လို့ ပြောပါတယ်။
ကမ္ဘောဇဘဏ်အနေနဲ့ ဒီဟိုတယ်မှာ ကျန်းမာရေးဝန်ထမ်းတွေ အနားယူနိုင်ဖို့ တလကို ကျပ်သိန်း ၅၀၀ အထိ ကုန်ကျစရိတ်အားလုံးရဲ့ ထက်ဝက်ကို တာဝန်ယူထားပြီး ကျန်တဲ့ ထက်ဝက်ကိုတော့ Jasmine Palace Hotel က ပံ့ပိုးထားတာလို့ ဘဏ်ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒီမှာ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ကိုဗစ်ကုသပေးနေတဲ့ ဆေးရုံ ဌာနတွေက ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်နေတုန်း လာရောက်တည်းခိုနေထိုင်နိုင်အောင် တိုင်းကျန်းမာရေးဦးစီးဌာနက စီမံပေးနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလကစလို့ အခုလို အခမဲ့တည်းခိုနေထိုင်ဖို့ ကူညီခဲ့တာဖြစ်ပြီး တလကို ပျမ်းမျှ အယောက် ၂၅၀ လောက် တည်းခိုနေထိုင်နေတယ်လို့လည်းဆိုပါတယ်။ နံနက်စာ၊ နေ့လယ်စာ၊ ညစာတို့ကို အခမဲ့ကျွေးမွေးသလို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အားလပ်ချိန်တွေမှာ ရေကူးကန်၊ အားကစားခန်းမ၊ ဘားကောင်တာတွေကိုလည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဝတ်အထည်တွေကိုလည်း တရက်မှာ ၂ ကြိမ် အခမဲ့လျှော်ဖွပ်ပေးတာပါ။
ကမ္ဘောဇဘဏ်နဲ့ ကမ္ဘောဇညီနောင်ကုမ္ပဏီတွေဟာ ဖေဖော်ဝါရီ ၂၆ ကနေ ဒီနေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ငွေကျပ်သန်းပေါင်း ၁၁,၂၀၀ ကျော် လှူဒါန်းထားပါတယ်။
2 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up