ကိုဗစ်-၁၉ ကာကွယ်ရေး

December 4, 2020

သာကေတ စံပြဥယျာဉ်စျေးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရွက်နေ (ဓာတ်ပုံ) 

ရန်ကုန်၊ သာကေတမြို့နယ် ၁၀ ရပ်ကွက်အတွင်းရှိ စံပြဥယျာဉ်စျေးမှာ ကိုဗစ်ကာလ ရောဂါကာကွယ်ထိန်းချုပ်ဖို့ စျေးဝင်ထွက်ပေါက်တွေမှာ လက်ဆေးဘေစင်တွေ  ထားရှိ ပေးထားပါတယ်။ ဒါ့အပြင် စျေးအတွင်းပိုင်းမှာလည်း  အသံချဲ့စက်တွေတပ်ဆင်ထားကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ကြဖို့ မနက်ခင်းတိုင်း နှိုးဆော်ပေးနေပါတယ်။
6 months Ago

November 11, 2020

ကိုဗစ်-၁၉ ကာကွယ်ရေး ပိုမိုလုပ်ဆောင်ရန် ပြင်သစ်ကျောင်းဆရာများ တောင်းဆို

ပြင်သစ်ကျောင်းဆရာတွေ မြို့တော်ပါရီမှာ နိုဝင်ဘာ ၁၀ ရက်က စုရုံးခဲ့ကြပြီး ကျောင်းတွေမှာ ကျင့်သုံးရမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို ပိုပြီး ချမှတ် အကောင်ထည်ဖော်ဖို့ ဆော်သြခဲ့ကြပါတယ်။ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေက ဆရာတွေဟာ ကူးစက်မှုကို ရှောင်ရှားဖို့ သူတို့ စာသင်ခန်းတွေက ကျောင်းသားဦးရေကို ထက်ဝက် လျှော့ချစေချင်နေတာပါ။ ဒီဇင်ဘာ ၁ ရက်နေ့ထိ လူတွေ အိမ်ထဲမှာပဲနေကြဖို့ ပြင်သစ် အစိုးရက အမိန့်ထုတ်ထားပါတယ်။ တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့တားမြစ်ထားတာလည်း ဒုတိယပတ်ထဲ ရောက်လာပါပြီ။ ပြင်သစ်ဟာ နွေဦးရာသီတုန်းက ပထမဆုံး အသွားအလာ ကန့်သတ်ချက်နဲ့ မတူဘဲ ဒုတိယလှိုင်းအတွင်း ကျောင်းတွေကို ဆက်ဖွင့်ထားမှာပါ။ အသက် ၆ နှစ်အောက် ကလေးတွေက တချိန်လုံး ပါးစပ် နှာခေါင်းစည်းကို တချိန်လုံး ဝတ်ထားခဲ့ကြပါတယ်။
7 months Ago
More News
Up