ကိုဗစ်-၁၉ ကာကွယ်ဆေး ကန်ထရိုက်

June 30, 2021

အိန္ဒိယ ကိုဗစ်-၁၉ ကာကွယ်ဆေး ကန်ထရိုက်ကို ဘရာဇီး ဆိုင်းငံ့

ဘရာဇီးအစိုးရဟာ အမေရိကန်ဒေါ်လာ ၃၂၄ သန်းတန် အိန္ဒိယ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေး ကန်ထရိုက်ကို ဆိုင်းငံ့မယ်လို့ ကျန်းမာရေးဝန်ကြီးက ဇွန် ၂၉ ရက်မှာ ပြောပါတယ်။

ဒီကန်ထရိုက်နဲ့ပတ်သက်ပြီး သမ္မတ ဘော့ဆိုနာရိုကို အဂတိလိုက်စားမှုနဲ့ စွဲချက်တင်ထားလို့ စုံစမ်းစစ်ဆေးဖို့ ပြည်ထောင်စုစာရင်းစစ်ချုပ်က လမ်းညွှန်လို့ ခုလို ဆိုင်းငံ့တာလို့ ဆိုပါတယ်။

ကန်ထရိုက် ဆိုင်းငံ့ကာလအတွင်း စွဲချက်တွေကို သူ့အဖွဲ့က စစ်ဆေးမယ်လို့ ဘရာဇီး ကျန်းမာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘာရတ်ဘိုင်အိုတက်ခ်ကုမ္ပဏီထုတ် ကိုဗာဆင် ထိုးဆေးအလုံး သန်း ၂၀ ဟာ မူမမှန်မှု စွဲချက်တွေနဲ့အတူ လူသိရှင်ကြားဖြစ်ခဲ့လို့ သမ္မတအတွက် အဆင်မပြေ ဖြစ်လာခဲ့တာပါ။

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူဦးရေ ၅ သိန်းကျော်လာအပြီး သမ္မတအပေါ် လူကြိုက်များမှု မှေးမှိန်လာခဲ့တာပါ။ သမ္မတကတော့ ဘယ်လို ပုံမမှန်တာကိုမှ သတိမထားမိဘူးလို့ ပြောရင်း အမှားလုပ်မထားဘူးလို့ ဇွန် ၂၈ ရက်က ငြင်းဆိုပါတယ်။

7 months Ago
Up