ကိုဗစ်-၁၉ ကပ်ကာလ

A d v e r t i s e m e n t With Us

June 3, 2020

ကိုဗစ်-၁၉ ကပ်ကာလ ထိုင်းဘုရင်မ မွေးနေ့ပွဲ ထိုင်းပြည်သူများ ဆင်နွှဲ

ကိုဗစ်-၁၉ ရောဂါ ကပ်ကာလတွင်း ဒီကနေ့မှာ ကျရောက်လာတဲ့ ထိုင်းဘုရင်မ ဆူသီဒါရဲ့ မွေးနေ့ပွဲကို ထိုင်းဝန်ကြီးချုပ်အပါအဝင် ပြည်သူတွေက ဆုတောင်းစကားတွေ၊ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးပြီး  ဆင်နွှဲနေကြပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာနဲ့ ဇနီး နရာပွန်တို့ ဦးဆောင်တဲ့ ထိုင်းအစိုးရဝန်ကြီးတွေက ကျန်းမာပျော်ရွှင်စေကြောင်း သက်တော် ၄၂ နှစ်ပြည့် ဘုရင်မကြီးအတွက် မွေးနေ့ ဆုတောင်းစကားတွေ ပို့ခဲ့ကြပါတယ်။ တော်ဝင်နန်းတော်ကိုလည်း နန်းတွင်းတော်ဝင်မိသားစုတွေအတွက် ဒီကနေ့မှာ ဖွင့်လှစ်ထားခဲ့ပြီး တခြားသော ခရိုင်ဒေသတွေမှာလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ကြီးမှူးပြီး မွေးနေ့ဆုတောင်းအခမ်းအနားတွေ ကျင်းပခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။ ပထုံဌာနီခရိုင်ထဲမှာတော့ ကျောက်ဖယားမြစ်အတွင်းကို ငါးအကောင်ရေ ၂ သိန်း လွှတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ဖီနစ်ဘွန်လာ့တ်က ဒီနေ့ဟာ ထိုင်းဘုရင့်နိုင်ငံတော်တွင်း နေထိုင်တဲ့ ပြည်သူတွေအတွက် အရေးအကြီးဆုံး နေ့တနေ့ဖြစ်ကြောင်း ပြောခဲ့တာပါ။ တခြားသော ပြည်နယ်တွေမှာလည်း စေတနာ့ဝန်ထမ်းတွေဟာ ဒီနေ့ထူးနေ့မြတ်အတွက် မြောင်းတွေဖော်တာတွေအပြင် တခြားလူမှုရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဘုရင်မကြီး ဆူသီဒါဟာ မနှစ်က မေလ ၄ ရက်နေ့မှာ ထိုင်းဘုရင် မဟာဝဇီရာ လောင်ကွန်းရဲ့ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ အရင်တုန်းက ထို လေယာဉ်မယ်တယောက်လည်း ဖြစ်ခဲ့တဲ့ ဆူသီဒါဟာ ၂၀၁၄ ခုနှစ်မှာတော့ မဟာဝဇီရာလောင်ကွန်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့မှာ ဒုတိယခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာတော့ ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးရာထူး ခန့်အပ်ခဲ့ပါတယ်။  မဟာဝဇီရာလောင်ကွန်းနဲ့ ဆူသီဒါတို့ တွဲနေတာ အချိန်တော်တော်ကြာခဲ့ပေမဲ့ သူတို့ရဲ့ဆက်ဆံရေးကို တရားဝင် ထုတ်ဖော်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မဟာဝဇီရာလောင်ကွန်းဟာ ဆူသီဒါမတိုင်ခင် အိမ်ထောင် သုံးဆက်ရှိခဲ့ပြီး သားသမီး ၇ ယောက်ရှိပါတယ်။ Photo gallery: Majestic splendor
9 months Ago
Up