ကိုဗစ်-၁၉ကာကွယ်ဆေး

September 20, 2021

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၅ သိန်းခွဲကျော်ရှိ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ကာကွယ် ဆေး ထိုးနှံပြီးသူ အရေအတွက်ဟာ ၅ သန်းခွဲကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး စက်တင်ဘာ ၁၈ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၂ သန်းကျော်၊ အကြိမ်ပြည့်ထိုးနှံပြီးသူ ၃ ဒသမ ၄၇ သန်း ကျော်နဲ့ စုစုပေါင်း ၅ ဒသမ ၅၃ သန်းကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၄ သန်း သန်းမှာယူထားခဲ့ပြီး စက်တင်ဘာ ၁၂ ရက်မှာတော့ ပထမအသုတ်အနေနဲ့ ၄ သန်းရောက်ရှိလာခဲ့တာပါ။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာ ကွယ်ဆေးသွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်း ၄ သောင်း ကျော်နဲ့ သေဆုံးသူ ၁၇,၀၀၀ ကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၇ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာစောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

3 months Ago

September 13, 2021

ထိုင်းသို့ တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းထပ်မံရောက်ရှိ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကို တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းထပ်မံရောက်ရှိလာခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကတဆင့် ရောက်ရှိလာတဲ့ ဒီကာကွယ်ဆေးတွေကို အဖွဲ့အစည်းတွေ၊ ဆေးရုံတွေရဲ့ လိုအပ်ချက်အလိုက် ဖြန့်ဝေပေးသွားမယ်လို့ ချူလာ ဘွန်တော်ဝင်ဆေးသိပ္ပံက ပြောပါတယ်။

ဒါဟာ တရုတ်အစိုးရနဲ့ ပူးပေါင်းမှုအရ ၉ ကြိမ်မြောက် ကာကွယ်ဆေးရောက်ရှိလာ ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကတည်းက လက်ရှိအချိန်ထိ ထိုင်းနိုင်ငံကို ကာကွယ်ဆေး ၁၅ သန်း ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၃ သိန်းကျော်၊ သေဆုံးသူ ၁၄,၀၀၀ ကျော်နဲ့ အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

3 months Ago
Up