ကိုဗစ်-၁၉

September 22, 2021

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၆၀၀ ကျော်၊ ၇၃ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၆၀၀ ကျော်နဲ့ ၇၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစု မှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မ သိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၀,၅၈၈ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၆၈၇ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၈ ဒသမ ၁၉ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်က တော့ ၂,၁၅၂ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၇,၂၀၂ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၄၉,၈၄၅ ယောက် ရှိနေပါတယ်။

လတ်တလော ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင် ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် အခုစက်တင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။  ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။

1 hour Ago

September 21, 2021

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၅၀၀ ကျော်၊ ၅၆ ဦးထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ၅၆ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိ နိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၃၀၉ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၅၈၅ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၉ ဒသမ ၁၅ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၉၄၈  ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၇,၁၂၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၄၈,၁၅၈ ယောက် ရှိပါတယ်။

လတ်တလော ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင် ကျောင်းတွေ ပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် အခုစက်တင်ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။  ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။

24 hours Ago

မအူပင်မြို့မရဲစခန်းတွင် အချုပ်သား ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မရဲစခန်းအချုပ်အတွင်းမှာ အချုပ်သားတစ်ဦး ကိုဗစ်-၁ ၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

အချုပ်ကျနေသူတစ်ဦးရဲ့ ဇနီးက “ကျမသား သူ့အဖေ အချုပ်ကျနေတာကို ထမင်းချိုင့် သွားပို့တယ်။ လူချင်းတွေ့ခွင့်မရဘူး၊ စာပါလာတယ်။ အချုပ်ထဲမှာ ကောင်လေးတစ်ယောက် ကိုဗစ်ကူးစက်ခံရတဲ့အကြောင်း ရေးထားတယ်” လို့ ပြောပါတယ်။

စာထဲမှာတော့ အချုပ်သားတွေကို စက်တင်ဘာ ၁၉ ရက်ညနေက ကိုဗစ်-၁၉ စစ်ဆေးကြောင်း၊ တဆောင်တည်းနေ အမျိုးသားလူငယ်တစ်ယောက်ထံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရကြောင်း၊ သူ့အနေနဲ့ ကျန်းမာရေး ကောင်းမွန်တယ်ဆိုပြီး ပါရှိတယ်လို့ ဆိုပါတယ်။

အချုပ်ခန်းအတွင်း လူဦးရေ ၅၀ ကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မူ အားနည်းနေတဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှာ စိုးရိမ်တယ်လို့လည်း အချုပ်ကျခံနေရသူရဲ့ ဇနီးသည်က ပြောပါတယ်။

24 hours Ago
More News
Up