ကိုဗစ်သူရဲကောင်းများ

A d v e r t i s e m e n t With Us

June 2, 2020

လာလီဂါပွဲစဉ်များတွင် ပရိသတ်လက်ခုပ်သံဖွင့်ပြပြီး ကိုဗစ်သူရဲကောင်းများအား ဂုဏ်ပြုမည်

ကိုဗစ်-၁၉ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စပိန် လာလီဂါပွဲတိုင်းမှာ အသံသွင်းထားတဲ့ ပရိသတ်တွေရဲ့ လက်ခုပ်သံတွေ  ဖွင့်ပြသွားမယ်လို့ သိရပါတယ်။ ဇွန် ၁ ရက်က ထုတ်ပြန်ချက်မှာ စပိန်လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတက်ဘက်စ်က အတည်ပြုခဲ့တာပါ။ လာလီဂါပွဲစဉ်တွေကို လာမယ့် ဇွန် ၁၂ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။  ပွဲချိန်အတွင်း မိနစ် ၂၀ ပြီးတိုင်းမှာ ပရိသတ်တွေက အသံသွင်းထားတဲ့ လက်ခုပ်သံတွေကို ကွင်းအတွင်းမှာ ဖွင့်ပြသွားမှာ ဖြစ်ပါတယ်။ လက်ခုပ်သံတွေကိုတော့ www.applause to infinity.com ဝက်ဆိုဒ်မှာ ပရိသတ်တွေက သူတို့အားပေးတဲ့ အသင်းအလိုက် လက်ခုပ်သံတွေကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအားလုံးကို  နှလုံးသားထဲမှာ ဆက်ပြီးရှိတယ်ဆိုတာ ပြသတာ ဖြစ်ပြီး တကမ္ဘာလုံးကလည်း ကြားသိနိုင်မှာ ဖြစ်တယ်လို့ လာလီဂါဥက္ကဋ္ဌ တက်ဘက်စ်က ပြောပါတယ်။
8 months Ago
Up