ကိုဗစ်လူနာ Case-134

A d v e r t i s e m e n t With Us

May 27, 2020

ကိုဗစ်လူနာ Case-134  Pan Pacific ဟိုတယ်ဝန်ထမ်း ပိုးကင်းစင်သဖြင့် ဆေးရုံကဆင်း

ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ရာကနေ ရောဂါကူးစက်ခံရတဲ့ Case-134 Panpacific ဝန်ထမ်းတစ်ဦးဟာ  Negative နှစ်ခါပြလို့ ဒီနေ့ မနက် ဆေးရုံကဆင်းပြီဖြစ်ပါတယ်။ လူနာအမှတ် Case-134 ကိုနိုင်လင်းအောင်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပြီးနောက် တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေခဲ့ရတာပါ။ သူ့ကို ပြန်လည် ဓာတ်ခွဲစမ်းသပ် ဆေးပြန်စစ်ဆေးရာမှာ ၅ ကြိမ်မြောက်နဲ့ ၆ ကြိမ်မြောက်တို့မှာ Negative နှစ်ခါပြလို့ ဆေးရုံကဆင်းခွင့်ရခဲ့တာဖြစ်တယ်လို့  Case-134 ကိုနိုင်လင်းအောင်က ဒီဗွီဘီကိုပြောပါတယ်။ “မိသားစုနဲ့ပြန်ဆုံဆည်းရတော့မှာဆိုလို့ အတိုင်းမသိဝမ်းသာမိပါတယ်။ ကျနော်တို့ ပြည်သူတွေလည်း  ဒီကပ်ဆိုးကြီးကနေ အမြန်ဆုံးကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။” Case-134 ဆေးရုံက ဆင်းပြီးနောက် ဖောင်ကြီးမှာ Facility Quarantine နှစ်ပတ်၊ Home Quarantine တစ်ပတ်ဆက်နေရမှာ ဖြစ်ပါတယ်။ အတည်ပြုလူနာတွေအနေနဲ့ Negative နှစ်ခါပြရင် ရောဂါပိုးကင်းစင်သူအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။ 
9 months Ago
Up