ကိုဗစ်ရောဂါပိုးတွေ့

A d v e r t i s e m e n t With Us

December 20, 2020

ဘန်ကောက်မြို့ ပင်လယ်စာရောင်းသူ ၁ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အသက် ၇၈ နှစ် အရွယ် ပင်လယ်စာရောင်းသူ ဈေးသည်တဦးဆီမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားတာ  တနင်္ဂနွေနေ့မှာ တွေ့ခဲ့ရတယ်လို့ ထိုင်းနိုင်ငံ အမျိုးသားသတင်းဗျူရိုက ဒီဇင်ဘာ ၂၀ မနက်ပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။ စမွတ်စာခွန်ခရိုင်အတွင်း တလာ့တ်ကွန်းပုစွန်ဈေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၅၀၀ ကျော်ကို ဒီဇင်ဘာ ၁၉ ရက်က အစုလိုက်အပြုံလိုက်တွေ့ပြီး နောက်နေ့မှာ ခုလို တွေ့ခဲ့တာပါ။  အမျိုးသမီးကြီးဟာ စမွတ်စာခွန်ခရိုင်ကို ဒီဇင်ဘာ ၁ ရက်ကနေ ၁၂ ရက်ကြာသွားခဲ့ပြီး တလာ့တ်ကွန်းဈေးကိုလည်း သွားခဲ့တယ်လို့ ဗျူရိုက ဆိုပါတယ်။  “သူ့ရဲ့ မိသားစုဝင် ၁၈ ယောက်နဲ့ ပုံမှန်ဖောက်သည် ငါးယောက်မှာလည်း ကူးစက်ခံရနိုင်ချေ မြင့်နေတယ်၊ တခြား ဆွေမျိုး ၃၃ ယောက်ကတော့ ကူးစက်ခံရ နိုင်ချေ နည်းတယ်” လို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။  အယုဒ္ဓယခရိုင်မှာလည်း အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတဦး ကူးစက်ခံထားရတာ တွေ့ထားပြီး ရောဂါလက္ခဏာ မပြပါဘူး။  သူကတော့ ချင်းမိုင်က အလှပြင်ဆိုင်မှာ အလုပ်လုပ်နေရာက အယုဒ္ဓယကို ပြန်လာခဲ့သူလို့ ထိုင်းအမျိုးသား သတင်းဗျူရိုက သတင်းထုတ်ပြန်ထားပါတယ်။  ဒါကြောင့် ထိုင်းနိုင်ငံအတွင်း တရားဝင် အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကူးစက်ခံ လူဦးရေ ဟာ စနေ၊ တနင်္ဂနွေ ၂ ရက်အတွင်း ကူးစက်ခံ ၅၇၆ ယောက်နဲ့ ပေါင်းရင် စုစုပေါင်း ၄၉၀၇ ယောက်၊ ကူးစက်ခံ သေဆုံးသူ ဦးရေ အယောက် ၆၀ ရှိထားပါတယ်။
1 month Ago

November 21, 2020

ဒဂုံဆိပ်ကမ်း ပေါက်စီနှင့်ပေါင်မုန့် မုန့်တိုက်က ကလေးငယ် ၁၀ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်မှာရှိတဲ့ ပေါက်စီနဲ့ပေါင်မုန့်တိုက်လုပ်ငန်းကနေ ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ ကလေးငယ်တွေထဲက ၁၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မုန့်တိုက်လုံခြုံရေး တာဝန်ယူစောင့်ကြပ်နေတဲ့ ရဲအရာရှိက ပြောပါတယ်။  မုန့်တိုက်မှာ နေထိုင်တဲ့ ကလေးငယ် ၁၀ ဦး ရောဂါကူးစက်ခံထားရတာကြောင့် ဆက်စပ်သူတွေအနေနဲ့ Home Quarantin နေသင့်တယ်လို့ ရဲအရာရှိက အကြံပြုပါတယ်။  လက်တလောမှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်မြို့မရဲစခန်းကို ပိတ်ထားပြီး မုန့်တိုက်ကိုလည်း ဆေးဖြန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  မုန့်တိုက်မှာ အလုပ်လုပ်နေတဲ့သူတွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင် မိန်းကလေး ၁၄ ဦးနဲ့ ယောကျ်ားလေး ၄ ဦးပါဝင်ပြီး သူတို့ကို နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက ရဲတပ်ဖွဲ့က ခေါ်ယူထိန်းသိမ်းထားတာပါ။  လုပ်ငန်းရှင်ကိုတော့ ရဲတပ်ဖွဲ့ကနေ နာကျင်စေမှု၊ ဆဲဆိုမှုပုဒ်မတွေနဲ့ ဖမ်းဆီးထားသလို စည်ပင်သာယာရေးကော်မတီကလည်း လုပ်ငန်းလိုင်စင်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။   
2 months Ago
Up