ကိုဗစ်ပိုး ဆက်ရှိ

October 23, 2020

ကိုဗစ်ပိုး ဆက်ရှိနေသဖြင့်  စီရော်နယ်ဒို ဘာစီလိုနာနှင့်ပွဲ လွဲချော်

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကိုဗစ်-၁၉ စစ်ဆေးရာမှာ Postive ဖြစ်နေသေး တာကြောင့် ဘာစီလိုနာနဲ့ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။  အသက် ၃၅ နှစ်ရှိ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကတည်းက ပေါ်တူဂီ အသင်းနဲ့ ပူးပေါင်းစဉ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာပါ။  အောက်တိုဘာ ၂၂ ရက်က ဒုတိယအကြိမ် စစ်ဆေးရာမှာလည်း ပိုးဆက်လက်တွေ့ရှိခဲ့ တာကြောင့် လာမယ့်တပတ် ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ဆက်ပြီးလွဲချော်မယ်လို့ သိရပါတယ်။  ဂျူဗင်တပ်အသင်းဟာ လာမယ့်ကြားရက်မှာ ဘာစီလိုနာနဲ့  ကစားရမှာပါ။  ရော်နယ်ဒိုအနေနဲ့ ပွဲမတိုင်ခင် ကိုဗစ်ပိုးမရှိကြောင်း စစ်ဆေးတွေ့ခဲ့ပါကလည်း ၂၄နာရီအတွင်း ယှဉ်ပြိုင်ကစားလို့ မရတာကြောင့် ပြိုင်ဘက် မက်ဆီနဲ့ ထိပ်တိုက်တွေ့ဆုံမယ့် အဲဒီပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။ 
2 years Ago
Up