ကိုဗစ်ပိုးတွေ့

A d v e r t i s e m e n t With Us

January 19, 2021

ချောက်မြို့တွင် CB ဘဏ်ဝန်ထမ်း ၂ ဦးနှင့် သံဃာ ၁ ပါး ကိုဗစ်ပိုးတွေ့

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ဇန်နဝါရီ ၁၈ ရက်မနက်ပိုင်းက CB ဘဏ်ခွဲ ဝန်ထမ်း ၂ ဦးနဲ့ သံဃာ ၁ ပါးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ခဲ့တယ်လို့ သိရပါတယ်။ မြို့နယ်ဆရာဝန်ကြီး ဒောက်တာ မျိုးသက်ဦးက     ဟုတ်တယ် အနံ့ပျောက်လို့ စစ်ဆေးတာ ခရီးသွားရာဇဝင်မရှိဘူး။ CB ဘဏ်ဝန်ထမ်း အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး၊  သံဃာတစ်ပါး အနံ့ပျောက်လို့ စစ်လိုက်တာ Positive ထွက်တာ၊ အမျိုးသမီးဝန်ထမ်းက သွားပြီးအ‌ကြောင်းကြားမှ ဖျားနေသူ တစ်ယောက်လည်း ရှိတယ်ပြောလို့ ခေါ်စစ်လိုက်တာ တွေ့တာ” လို့ ပြောပါတယ်။ ပိုးတွေ့ သံဃာကတော့ ချောက်မြို့ အမှတ် ၁၃ အာရှရပ်ရှိ မော်တော်ယာဉ် ကျောင်းတိုက်က ဖြစ်ပါတယ်။ လက်ရှိမှာ CB ဘဏ်နဲ့ မော်တော်ယာဉ်ကျောင်းတိုက်ကို ခေတ္တပိတ်ထားသလို ထိစပ်သူတွေကိုလည်း စောင့်ကြည့်ထားတယ်လို့ သိရပါတယ်။ ချောက်မြို့နယ်အတွင်း အနံ့ပျောက်လို့ လာရောက်စစ်ဆေးရာက ပိုးတွေ့ရှိသူ ၁၂ ဦးအထိရှိနေပြီး မြို့နယ်အတွင်း ပိုးတွေ့လူနာပေါင်းက ၁၂၉ ဦးပြီလို့ သိရပါတယ်။ အမှတ် ၁၀ ရပ်ကွက် မဟာစည်ရိပ်သာမှာ လက်ရှိ ပိုးတွေ့လူနာ ၂၄ ဦးကို စောင့်ရှောက်ပေးနေပြီး ကျန်လူနာတွေကတော့ သက်သာပျောက်ကင်းသွားပြီလို့ သိရပါတယ်။ ကိုလင်(ချောက်)
1 week Ago

January 15, 2021

မြဝတီ ဟေမန်ဦးပရိယတ္တိစာသင်တိုက်တွင် သံဃာ ၁၁ ပါး ကိုဗစ်ပိုးတွေ့သဖြင့် လော့ဒေါင်းချ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဟေမန်ဦး ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းမှာ ဇန်နဝါရီ ၁၄ ရက်နေ့က သံဃာ ၁၁ ပါး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့တာကြောင့် ကျောင်းကို လော့ဒေါင်းချထားတယ်လို့ ဒါယကာတွေက ပြောပါတယ်။ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဟေမန်ဦးကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဥူးတေဇ သက်တော် (၆၂) နှစ်ဟာ ဘားအံဆေးရုံမှာ  မျက်စိကုသဖို့အတွက် ကျန်းမာရေးစစ်ဆေးစဉ် ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာကြောင့် ကုသရေးဌာနကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ကျောင်းအတွင်း နီးစပ်သံဃာတော်အပါး ၃၀ နဲ့ ဒါယကာ၊ ဒါယကာမ ၇ ဦးတို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အာခေါင်တို့ပါတ်ယူပြီး ရန်ကုန်မြို့ ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးရာမှာ သံဃာ ၁၁ ပါး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် မဲကနယ် ကိုဗစ်ကုသစခန်းကို ပို့ဆောင်ကုသထားပါတယ်။ မြဝတီမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၅၉၃ ဦးရှိတဲ့အနက် ဆေးရုံဆင်းသွားသူ ၄၉၇ ဦး၊ ကုသဆဲ ၉၄ ဦးနဲ့ သေဆုံးသူ ၂ ဦးရှိပြီလို့ သိရပါတယ်။ ဖိုးစီ
2 weeks Ago
More News
Up