ကိုဗစ်ပိုးကူးစက်ခံရ

January 29, 2021

ပြည်အကျဉ်းထောင်တွင် အကျဉ်းသား ၁၈ ဦး ထပ်မံပိုးကူးစက်ခံရ

ပဲခူးတိုင်းဒေသကြီး၊  ပြည်မြို့ အကျဉ်းထောင်ထဲမှာ  အကျဉ်းသား နောက်ထပ် ၁၈ ယောက် ကိုဗစ်-၁၉ ရောဂါ ပိုးကူး စက်ခံခဲ့ရတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနကနေ သိရပါတယ်။

အရင်ပိုးတွေ့အကျဉ်းသားတွေနဲ့အတူ  နေခဲ့တဲ့သူတွေကို ပထမခွဲထားပြီး Test kit နဲ့ စစ်ရာမှာ Negative အဖြေထွက်ပြီးသားကို သေချာအောင်ထပ်ပြီး PCR နဲ့စစ်ဆေးရာမှာ အကျဉ်းသား  ၁၈ ယောက်ကို ပိုးတွေ့ရှိခဲ့တာလို့ ပြည်ထောင်ပိုင်ကြီး ဦးမြသောင်းကပြောပါတယ်။

လတ်တလော ပိုးကူးစက်ခံရသူတွေထဲက စုစုပေါင်း အကျဉ်းသား  ၃၆ ယောက်ကို ပြည်ထောင်ထဲက ဆေးရုံဆောင်ဝင်းအတွင်းရှိ သီးခြားအဆောင်တဆောင်မှာထားရှိပါတယ်။

ကျန်တဲ့အကျဉ်းသား ပိုးကူးစက်ခံရသူ အကျဉ်းသား  ၃ ယောက်နဲ့ ဝန်ထမ်း ၁ ယောက် ကိုတော့ ပြည်ကုတင် ၅၀၀ ဆေးရုံကြီးမှာ   စောင့်ရှောက်ထားကာ ဆေးဝါးနဲ့ အားဖြည့်အစာတွေကို ပေးထားတယ်လို့ ထောင်ပိုင်က ပြောပါတယ်။

ပြည်အကျဉ်းထောင်မှာ ဇန်နဝါရီ ၁၅ ရက်မှ ဇန်နဝါရီ ၂၈ ရက်အထိ ထောင်ဝန်ထမ်း ၁ ယောက်နဲ့  အကျဉ်းသား ၃၉  ယောက် စုစုပေါင်း အယောက်  ၄၀ ကိုဗစ်-၁၉ ရောဂါ ပိုးကူး စက်ခံနေရပါတယ်။

သတင်း - မင်းညို

9 months Ago
Up