ကိုဗစ်ဆိုင်ရာဆေးဝါးပစ္စည်း

August 3, 2021

ကိုဗစ်ဆိုင်ရာဆေးဝါးပစ္စည်းများ အိန္ဒိယနယ်စပ်မှ တင်သွင်းခွင့်ပြု

မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကနေ မြန်မာနိုင်ငံအတွင်းကို ကိုဗစ်-၁၉ ရောဂါ ကုသရေးဆိုင်ရာ ဆေးဝါးနဲ့ဆေးပစ္စည်းတွေ တင်သွင်းခွင့်ရရှိပြီလို့သိရပါတယ်။

ကိုဗစ်​ရောဂါကူးစက်မှု​တွေ​ကြောင့် လွန်ခဲ့တဲ့ တစ်နှစ်​ကျော်ကတည်းက ပိတ်ထားခဲ့တဲ့ အိန္ဒိယနယ်စပ်က​နေ ကိုဗစ်​ရောဂါကာကွယ်ကုသ​ရေးဆေးနဲ့ဆေးစ္စည်း​တွေ တင်သွင်းနိုင်ဖို့ အိန္ဒိယနိုင်ငံဘက်ကို ညှိနိုင်း​ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီ ရင်းနှီးမြှပ်နှံမှုနှင့်နို နိုငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက သူ့ရဲ့ လူမူကွန်ရက် စာမျက်နှာ မှာရေးပါတယ်။

ကိုဗစ်ဆိုင်ရာဆေးဝါးတွေအတွက် အိန္ဒိယနိုင်ငံဘက်က အထွက်ကိုသာ ပြန်ဖွင့်တာဖြစ်ပြီး ‎မြန်မာနိုင်ငံဘက်ကနေ တင်သွင်းမယ့်  ကုန်တွေကိုတော့ ကန့်သတ်ထားဦးမှာပါ။

အိန္ဒိယနိုင်ငံက ဆေးဝါးတင်သွင်းရာမှာ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ရဲ့ခွင့်ပြုချက်ရယူပြီး တင်သွင်းခွင့်ရရှိမှာဖြစ်တယ်လို့ ကလေး-တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်ကလည်း သူ့ရဲ့လူမူကွန်ရက်စာမျက်နှာကနေ ကုန်သည်တွေကို အသိပေးထားပါတယ်။

FDA ကလည်း ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး အသုံးများတဲ့ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သုံးစွဲနိုင်တဲ့ ဆေးဝါးတွေကို ယာယီကင်းလွတ်ခွင့် ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပြီး သွင်းကုန်ထောက်ခံချက် လျှောက်ထားတာကို ယာယီကင်းလွင့်ခွင့်ပြုထားပါတယ်။

ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးစွဲရမယ့်  ဆေးဝါးတွေအတွက်လည်း  ယာယီဖြေလျှော့ပေးတာရှိပြီး ဖြေလျှော့တဲ့ပုံစံနဲ့လိုအပ်တဲ့အချက်အလက်တွေကို ကျန်းမာရေးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

4 months Ago
Up