ကိုဗစ်ကူးစက်ခံရမှု ရှိ၊ မရှိ

A d v e r t i s e m e n t With Us

December 21, 2020

စမွတ်စာခွန်နှင့်အနီးနားခရိုင်များ၌ ကိုဗစ်ကူးစက်ခံရမှု ရှိ၊ မရှိ လူဦးရေ သောင်းချီ စစ်ဆေး

ထိုင်းနိုင်ငံမှာ သောင်းချီတဲ့ လူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊မရှိ စမွတ်စာခွန်ခရိုင်နဲ့အနားက ခရိုင်တွေမှာ လူ လေးသောင်းကို စစ်ဆေးနေပြီး ဒီဇင်ဘာ ၂၃ ရက်မှာ လူ ၁ သောင်းကျော်ကို စစ်ဆေးမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ခိယတ်တိဖမ် ဝုန်ဂရာဂျစ်က ဒီဇင်ဘာ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  စမွတ်စာခွန်ကို ဇန်နဝါရီ ၃ ရက်အထိ တတိုင်းလုံးမှာ အသွားအလာ ပိတ်ဆို့ ကန့်သတ်ပြီး  ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး သီတင်းပတ် ၂ ပတ်ကနေ လေးပတ်အတွင်း ထိန်းချုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။  ဘန်ကောက်မြို့တော်နဲ့ မိုင် ၃၀ အကွာ စမွတ်စာခွန်ခရိုင်မှာ မြန်မာနိုင်ငံသား အများစုပါတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းလူမျိုး တချို့ကို တနင်္ဂနွေနေ့က စပြီး ဆေးစစ်ခဲ့ရာ ကူးစက်ခံ အယောက် ငါးရာကျော်ကို တွေ့ခဲ့ပါတယ်။  တနင်္လာနေ့မှာ ဆက်လက် စစ်ဆေးရာမှာတော့ မွန်းတည့်ချိန်ထိ အတည်ပြုချက်အရ ရွှေ့ပြောင်းလုပ်သားအယောက် ၃၆၀ အပါအဝင် ၃၈၂ ယောက်မှာ ကူးစက်ခံထားရတာ တွေ့ရ တယ်လို့ ထိုင်းအမျိုးသားသတင်းဗျူရိုက ဒီဇင်ဘာ ၂၁ ရက် မွန်းတည့်ချိန်မှာ သတင်း ထုတ်ပြန်ပါတယ်။  ဘန်ကောက်က အာဏာပိုင်တွေကတော့ စမွတ်စာခွန်ခရိုင်နဲ့ နယ်စပ်ချင်း ထိနေတဲ့ မြို့နယ် ၃ ခုက ကျောင်းတွေ အားလုံးကို ဇန်နဝါရီ ၄ ရက်အထိ ပိတ်ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ လူစုလူဝေးတွေကို ရှောင်ဖို့၊ စားသောက်ဆိုင်တွေနဲ့ ဖျော်ဖြေရေး ရိပ်သာတွေမှာ လူချင်းခွာနေဖို့ စတဲ့ အကာအကွယ်တွေ လုပ်ကြဖို့ အာဏာပိုင်တွေက လူထုကို ဆော်သြပါတယ်။  နှစ်သစ်ကူး ပွဲစဉ်တွေ အခမ်းအနားတွေ အားလုံးကို ဖျက်သိမ်းဖို့ ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးရုံး BMAက ကြေညာပြီး ဖြစ်နိုင်မယ်ဆိုရင် ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ် ခိုင်းဖို့လည်း တိုက်တွန်းထားပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာကတော့ ကူးစက်မှုကို အမြန် ဖြတ်ချရမယ်၊ ဒါမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ အတွေ့အကြုံ ရှိပြီးသားပါလို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံကတော့ ထိုင်းနိုင်ငံက လာတဲ့လူတွေအတွက် လိုအပ်ချက်တွေကို တင်းကြပ်လိုက်ပါတယ်။  
2 months Ago
Up