ဆားဗီးယားဝန်ကြီးချုပ် အန်နာ ဘန်နာဘိစ်ဟာ ဒီဇင်ဘာ ၂၄ ရက်က ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခံခဲ့ပြီး အစုလိုက်ကာကွယ်ဆေးထိုးနှံမှုကို စတင်လိုက်ပါတယ်။
ဆားဗီးယားဟာ ဥရောပမှာ ဗြိတိန်နဲ့ ဆွစ်ဇာလန်ပြီးရင် တတိယမြောက် အစုလိုက် ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်က ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးလုံးရေ ၅၀၀၀ နီးပါး ဆားဘီးယားကို လေယာဉ်နဲ့ ရောက်လာပါတယ်။
ဆာဗီးယားဝန်ကြီးချုပ် ဘန်နာဘိစ်က သူ့အနေနဲ့ ဥရောပမှာ ပထမဆုံးကိုဗစ်ကာကွယ်ဆေး ထိုးနှံခံတဲ့ ဝန်ကြီးချုပ်ဖြစ်တာကို ဂုဏ်ယူတယ်လို့ ပြောပါတယ်။
ကနဦး ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး အများစုကို အငြိမ်းစားဂေဟာတွေမှာ နေကြတဲ့ သက်ကြီးပိုင်းတွေကို ထိုးနှံပေးသွားမှာပါ။
ဒါ့အပြင် တရုတ်ထုတ် စီနိုဖမ်းနဲ့ ရုရှားထုတ် စပွန်းနစ်-၅ ကာကွယ်ဆေးတွေဟာလည်း မကြာခင် ရောက်လာတော့မယ်လို့ ဆားဗီးယားဝန်ကြီးချုပ်က ဆိုပါတယ်။
2 months Ago