ကိုဖီအာနန်

September 14, 2018

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် သင်္ဂြိုဟ်

ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို နိုင်ငံတော်ဈာပနနဲ့ သဂြိုဟ်ပွဲ စက်တင်ဘာ ၁၃ ရက်နေ့က ကျင်းပခဲ့ပြီး အာဖရိက ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ သူတို့က အာနန်ကို လူသားထုနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထောက်ခံအားပေးသူ တယောက်အဖြစ် ကောင်းချီးပေးခဲ့ကြပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဂါနာနိုင်ငံသား ကိုဖီအာနန်ဟာ ဆွစ်ဆေးရုံပေါ်မှာ တက်ရောက်ကုသရင်း အရင်လက ကွယ်လွန်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပြီဖြစ်တဲ့ ကိုဖီအာနန်ရဲ့ နောက်ဆုံးနေ့တွေမှာ သူ့ရဲ့ ဒုတိယဇနီး နာနေနဲ့ ကလေးသုံးဦး ဝန်းရံနေခဲ့ပါတယ်။ အာနန်ရဲ့အလောင်းဟာ စက်တင်ဘာ ၁၀ နေ့က ဂါနာနိုင်ငံမြို့တော် အက်ခရာကို မိသားစုနဲ့အတူ ပြန်ရောက်လာပါတယ်။ သူ့အလောင်းကို ကုလသမဂ္ဂအလံနဲ့ ဂါနာအလံတို့ လွှမ်းခြုံ ဂုဏ်ပြုခဲ့ကြပါတယ်။ အာဖရိကခေါင်းဆောင် အတော်များများနဲ့အတူ လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်တို့လည်း ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
3 years Ago

August 19, 2018

ကိုဖီအာနန် ကွယ်လွန်ပြီး နယူးယောက် ကုလသမဂ္ဂအလံ တဝက်ချ လွှင့်ထူ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်ပြီးတဲ့နောက် နယူး ယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ဟာ ကုလသမဂ္ဂ အလံကို   သြဂုတ်လ ၁၈ ရက်မှာ တဝက်ချ လွှင့်ထူခဲ့ပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ကိုဖီအာနန်ဟာ နာမကျန်းဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့က ဆေးရုံမှာ ကွယ်လွန်သွားတာလို့ ကိုဖီအာနန် ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေအဆုံးသတ်ရေး ကြိုးပမ်းခဲ့သူ ကိုဖီအာနန်ဟာ ကွယ်လွန်ချိန်မှာ အသက်ရှစ်ဆယ်ရှိပြီလို့ သူ့ဖောင်ဒေးရှင်းက သတင်း ထုတ်ပြန်ထား ပါတယ်။
3 years Ago
More News
Up