ကိုပါအီတာလီယာ ဆီမီး ပကျော့တွင် ဂျူဗင်တပ်က နာပိုလီကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်

March 1, 2017

ကိုပါအီတာလီယာ ဆီမီး ပကျော့တွင် ဂျူဗင်တပ်က နာပိုလီကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဂျူဗင်တပ်နဲ့ နာပိုလီတို့ ဖေဖော်ဝါရီ ၂၈ ရက်ညက ယှဉ်ပြိုင်ရာ ဂျူဗင်တပ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲစဉ်မှာ နှစ်သင်းစလုံး အဓိက ကစားသမား အများစုနဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဂျူဗင်တပ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ နာပိုလီက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အိမ်ရှင် ဂျူဗင်တပ်က အသာရခဲ့တာပါ။ ဒီပွဲရဲ့ အဖွင့်ဂိုးကို ပွဲချိန် ၃၆ မိနစ်မှာ နာပိုလီတိုက်စစ်မှူး ကယ်လီဂျွန်က သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ နာပိုလီက ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်နဲ့ ၆၉ မိနစ်မှာ ဂျူဗင်တပ် ပယ်နယ်တီကန်သွင်းခွင့်တွေရခဲ့ပြီး တိုက်စစ်မှူး ဒီဘားလားက အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့သလို ၆၄ မိနစ်မှာလည်း တိုက်စစ်မှူး ဟီဂူအင်က တဂိုးသွင်းယူခဲ့လို့ ပွဲအပြီးမှာ ဂျူဗင်တပ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် ဧပြီ ၄ ရက်နေ့ကျရင် နာပိုလီကွင်းမှာ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up