ကိုပါအမေရိကားဖလား

A d v e r t i s e m e n t With Us

March 19, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုပါအမေရိကားဖလားပြိုင်ပွဲ ၂၀၂၁ တွင် ကျင်းပမည်

ဒီနှစ်မှာ ကျင်းပမယ့် ကိုပါအမေရိကားဖလား ဘောလုံးပြိုင်ပွဲကို ၂၀၂၁ မှာ ကျင်းပဖို့ တောင်အမေရိကဘေားလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။  မူလက  ဇွန် ၁၂ ရက်နေ့က ဇူလိုင် ၁၂ ရက်အထိ ကိုပါအမေရိကားဖလားပြိုင်ပွဲကို ကျင်းပဖို့ သတ်မှတ်ထားပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်နှစ်ကို ရွေ့ဆိုင်းလိုက်တာပါ။  ဒီပြိုင်ပွဲကို အာဂျင်တီးနားနဲ့ကိုလံဘီယာတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်ပါတယ်။  ယူရို ၂၀၂၀ ပြိုင်ပွဲတွေ ရွေ့ဆိုင်းအပြီးမှာ ကိုပါအမေရိကားဖလားပွဲလည်း အခုလို ရွေ့ဆိုင်း လိုက်တာ ဖြစ်ပါတယ်။ 
12 months Ago
Up