ကိုဇင်ကိုထွန်းဈာပန

May 14, 2021

မြင်းခြံတလုပ်ကြီးရွာက သူရဲကောင်း ကိုဇင်ကိုထွန်းဈာပန ကျင်းပ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တလုပ်ကြီးရွာသား ကိုဇင်ကိုထွန်းအပါအဝင်လူငယ် ၆ ဦးကို အကြမ်းဖက်စစ်ကောင်စီက မေလ ၁၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ 

ကိုဇင်ကိုထွန်းဟာ စစ်ကြောရေးမှာ စစ်ကောင်စီရဲ့နှိပ်စက်တာကို ခံခဲ့ရပြီး သေဆုံးသွားတဲ့အတွက် သူ့ရဲ့ဈာပနကို မေလ ၁၄ ရက်နေ့က ညောင်တိုရွာမှာပြုလုပ်ခဲ့ပါတယ်။

ကိုဇင်ကိုထွန်းဟာ မြင်းခြံ GTC. IT ဌာနက ပထမနှစ်ကျောင်းသားဖြစ်ပါတယ်။ ကိုဇင်ကိုထွန်းရဲ့ ဈာပနကို ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကျေးရွာသူ ကျေးရွာသားတွေ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

4 months Ago
Up