အာဆင်နယ်အသင်းခေါင်ဆောင် ကိုစီယယ်နီဟာ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရသွားပြီဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ နောက်ခံလူ ကိုစီယယ်နီဟာ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့ပေမယ့်လည်း ရာသီကြို ခြေစမ်းခရီးစဉ်တွေမှာ လိုက်ပါဖို့ ငြင်းဆန်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားပြီလို့ RMC Sport က ဖော်ပြပါတယ်။
အာဆင်နယ်နည်းပြ အမ်မရီဟာ ကိုစီယယ်နီကို အသင်းမှာ ဆက်ရှိဖို့အတွက် သုံးကြိမ်အထိ ဖျောင်းဖျပြောဆိုခဲ့ပေမယ့်လည်း လက်မခံခဲ့ဘူးလို့ သိရပါတယ်။
ပြင်သစ်နောက်ခံလူ ကိုစီယယ်နီဟာ ၂၀၁၀ ခုနှစ်က ပြင်သစ်ကလပ် လောရီးယန့် အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့ ၉ နှစ်ကြာကာလအတွင်း စုစုပေါင်း ၃၅၃ ပွဲအထိ ကစားပြီး ၂၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။
2 years Ago