ကိုစတာရီကာနိုင်ငံ

March 7, 2020

ကိုစတာရီကာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသူ တွေ့ရှိ

ကိုစတာရီကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရမှုကို မတ် ၆ ရက်နေ့က တွေ့ရှိ အတည်ပြုထားပါတယ်။ ဒါ့ကြောင့် ကိုစတာရီကာဟာ ဗဟိုအမေရိက ဒေသနိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်မှုဖြစ်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ ကိုစတာရီကာ ကျန်းမာရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရတော့ ဗိုင်းရပ်စ်ကို အသက် ၄၉ နှစ်အရွယ် အမေရိကန်အမျိုးသမီးတဦးဆီက တွေ့ရှိခဲ့ပြီး သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ခရီးသွားပြီး နိုင်ငံကို မတ် ၁ ရက်နေ့က ရောက်ရှိလာတုန်းမှာ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ တောင်အမေရိကနိုင်ငံတွေထဲမှာတော့ ကိုလံဘီယာမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသူကို မတ် ၆ ရက်နေ့က တွေ့ခဲ့ပါတယ်။ ကူးစက်ခံရသူ လူနာဟာ အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး ဥရောပမှာကူးစက်ခံရမှု အများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံက မီလန်မြို့ကို သွားရောက်လည်ပတ်ခဲ့သူတဦး ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ မီလန်ကနေ ဘိုဂိုတာမြို့တော်ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပြန်ရောက်လာခဲ့တဲ့ အဆိုပါ လူနာကျောင်းသားကို လက်ရှိမှာ ဆန်တာဖီဆေးရုံမှာ ကုသပေးနေတယ်လို့လည်း မြို့တော်ဝန်  ကလော်ဒီယာလိုပက်ဇ်က ထုတ်ပြန်ထားပါတယ်။
1 year Ago
Up