စပိန်နည်းပြဇာဗီဟာ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို တာဝန်ယူဖို့ သဘောတူ ထားတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြချုပ် ဆက်တီယန်နဲ့ ရာသီအကုန်မှာ လမ်းခွဲမယ်လို့ သတင်းထွက်ပေါ်နေတာပါ။
လာလီဂါပြိုင်ပွဲပြီးဆုံးဖို့ ၅ ပွဲအလိုမှာ ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်နဲ့ ၄ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့သာ ကြိုးပမ်းရတော့မယ့် အခြေအနေဖြစ်ပါတယ်။
စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုကတော့ ကာတာကလပ် အယ်လ်ဆတ်အသင်းမှာ နည်းပြချုပ် အဖြစ် တာဝန်ယူနေတဲ့ဇာဗီဟာ ရာသီအကုန်မှာ ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူဖို့ သဘောတူ လိုက်ပြီလို့ ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာဂန္ထဝင်ကစာသမားတစ်ဦးဖြစ်တဲ့ ဇာဗီကို အခုနှစ်ဆန်းပိုင်းကတည်းက ဘာစီလိုနာက ခေါ်ယူခန့်အပ်ချင်ခဲ့ပေမယ့် ဇာဗီဘက်က လက်မခံခဲ့တာဖြစ်ပါတယ်။
ဇာဗီဟာ ဘာစီလိုနာမှာ ၇၆၇ ပွဲအထိ ကစားခဲ့ပြီး လက်ရှိအသင်းခေါင်းဆောင် မက်ဆီနဲ့ လည်း အကောင်းဆုံးတွဲဖက် ကစားနိုင်ခဲ့ဖူးသူဖြစ်ပါတယ်။
8 months Ago