ကိုခိုင်​နီမင်း

April 17, 2018

ဆရာ​တော်​ဦးနန္ဒသာရနှင့် ကိုခိုင်​နီမင်းတို့ ပြန်လည်လွတ်မြောက်

ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပခဲ့လို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆရာ​တော်​ဦးနန္ဒသာရနဲ့ ကိုခိုင်​နီမင်းတို့ လွတ်​ငြိမ်းချမ်း​သာခွင့်နဲ့ စစ်တွေအကျဉ်းထောင်မှ ဒီနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။ ၂၀၁၇ ဧပြီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာ ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နဲ့ ဘောလုံးပွဲ ကျင်းပခဲ့လို့ မတရားအသင်းအက်ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ပုဒ်မ ၁၇(၁) နဲ့ အာဏာပိုင်တွေက ဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ စစ်​​တွေအကျဉ်း​ထောင်​က​နေ အကျဉ်းသူ၊ အကျဉ်းသား ၈၇ ဦးကို ဒီနေ့ လွှတ်​​ပေးလိုက်​တာဖြစ်​ပါတယ်​။ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ နိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၈၄၉၀ ဦးကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အမိန့်နဲ့ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။ သတင်း-ဓာတ်​ပုံ - ဝဏ္ဏခွာညို
3 years Ago
Up