ကိုကောင်းမြတ်သူ

March 28, 2021

စစ်တပ်၏ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူ ကိုကောင်းမြတ်သူ ဈာပနကျင်းပ

ပဲခူးတိုင်း၊ မိုးညိုမြို့မှာ  အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ကို‌ကောင်းမြတ်သူရဲ့ ဈာပနကို မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မိုးညိုမြို့မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြတဲ့ ဆိုင်ကယ်သပိတ်စစ်‌ကြောင်းကို မတ် ၂၇ ရက်​နေ့ ဆန္ဒပြပွဲ ဖြိုခွင်းခံရချိန် နေအိမ်မှာရှိနေတဲ့ ကိုကောင်းမြတ်သူရဲ့ဆီးခုံကို ကျည်လာထိမှန်ပြီး ကျဆုံးခဲ့တာဖြစ်ပါတယ်။

ကိုကောင်းမြတ်သူဟာ သံလျင်နီးပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာန ကျောင်းသာဟောင်း တစ်ဦး  ဖြစ်ပြီး မိခင်ကလည်း ကျောင်းဆရာမတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

2 months Ago
Up